ဩစတြေးလျတွင် ကျင်းပမည့် တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု

alt

မာ​ရီ​ယာ​ ​ရှာ​ရာ​ပို​ဗာ​တစ်​ယောက်​ ဩ​စ​တြေး​လျ​နိုင်ငံ​ ​ဆစ်​ဒ​နီ​တွင်​​ ​ကျင်း​ပ​မည့်​ ​မက်​ဒီ​ဘန့်​​ ​အင်​တာ​နေ​ရှင်​နယ်​ ​တင်း​နစ်​ပြိုင်​ပွဲ​တွင်​​ ​ဝင်​ရောက်​ယှဥ်​ပြိုင်​ရန်​​ ​အ​ဆို​ပြု​ထား​ကြောင်း​ သိ​ရ​သည်​။​

ပြိုင်​ပွဲ​စီ​စဥ်​သူ​များ​က​ ဂ​ရင်း​ဆ​လင်း​ ​ချန်​ပီ​ယံ​ ​၃​ ​ကြိမ်​ဖြစ်​ဖူး​သည့်​ ​က​မ္ဘာ့​အ​ဆင့်​ ​၁​ ​ရ​ရှိ​ဖူး​သူ​ ​တင်း​နစ်​မယ်​သည်​ ​ဇန်​န​ဝါ​ရီ​ ​၉​ ​ရက်​မှ​ ​၁၅​ ​ရ​က်​နေ့​ထိ​ ​ကျင်း​ပ​မည့်​ ​ပြိုင်​ပွဲ​အား​ ​ဝင်​ရောက်​ဆင်​နွှဲ​ရန်​ ​ဆ​န္ဒ​ရှိ​နေ​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။ အား​က​စား​ထက်​ ​မော်​ဒယ်​လော​က​တွင်​ ​ပို​မို​အောင်​မြင်​နေ​သည့်​ ​အ​သက်​ ​၂၃​ ​နှစ်​ရှိ​ ​ရု​ရှား​သူ​၏​ ​ကမ်း​လှမ်း​မှု​ကို​ ​ပြိုင်​ပွဲ​ကျင်း​ပ​ရေး​ ​တာ​ဝန်​ခံ​များ​က​ ​လက်​ခံ​ပါ​က​ ​သူ​မ​အ​နေ​နှင့်​ ​ကာ​ရို​လင်း​ ​ဝေါ့​ဇာ​နစ်​စ​ကီ​၊​ ​ဗီ​ရာ​ဗို​နာ​ရီ​ဗာ​၊​ ​ကင်​က​လိုက်​စ​တာ​တို့​ကဲ့​သို့​ ​လက်​ရှိ​ ​က​မ္ဘာ့​အ​ဆင့်​ ​၁​ ​မှ​ ​၃​ ​တွင်​ ​ရပ်​တည်​နေ​သည့်​ ​တင်း​နစ်​မယ်​များ​၊​ ဩ​စ​တြေး​လျ​၏​ ​နံ​ပါတ်​ ​၁​ ​တင်း​နစ်​မယ်​ ​ဆ​မန်​သာ​ ​စ​တို​ဆာ​တို့​နှင့်​ ​တွေ့​ဆုံ​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​

ရှာ​ရာ​ပို​ဗာ​၏​ ​အေး​ဂျင့်​ထံ​မှ​ ​ကမ်း​လှမ်း​ထား​သော​ ​စာ​ကို​ ​မိ​မိ​တို့​ ​ရ​ရှိ​ထား​ကြောင်း​၊​ ​ရှာ​ရာ​ပို​ဗာ​သည်​ ​တင်း​နစ်​ဝါ​သ​နာ​ရှင်​ ​ပ​ရိ​သတ်​ ​အ​မြောက်​အ​မြား​ ​ချစ်​ခင်​အား​ပေး​မှု​ကို​ ​ရ​ရှိ​ထား​သူ​ဖြစ်​ပြီး​ ​သူ​မ​ပါ​ဝင်​လာ​မည်​ကို​ ​ကြို​ဆို​ကြောင်း​ ​ပြိုင်​ပွဲ​ကျင်း​ပ​ရေး​ ​ကော်​မ​တီ​မှ​ ​ဒါ​ရိုက်​တာ​ ​ခ​ရစ်​ဝက်​ဆင်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ရှာ​ရာ​ပို​ဗာ​သည်​ ​ရု​ရှား​အ​မျိုး​သ​မီး​ ​တစ်ဦး​အ​နေ​နှင့်​ ​က​မ္ဘာ​ပေါ်​တွင်​ ​တစ်ဦး​ချင်း​ ​က​မ္ဘာ့​အ​ဆင့်​ ​၁​ ​သတ်​မှတ်​ခြင်း​ ​ခံ​ရ​သူ​ ​ပ​ထ​မ​ဆုံး​ ​တင်း​နစ်​မယ်​ဖြစ်​သည်​။​ ​သူ​မ​သည်​ ဩ​စ​တြေး​လျ​အိုး​ပင်း​၊​ ​အ​မေ​ရိ​ကန်​အိုး​ပင်း​နှင့်​ ​ဝင်​ဘယ်​ဒန်​ ​အိုး​ပင်း​တို့​တွင်​ ​တစ်​ကြိမ်​စီ​ ​ဗိုလ်​စွဲ​ဖူး​ပြီး​ ​လက်​ရှိ​တွင်​မူ​ ​က​မ္ဘာ့​အ​ဆင့်​ ​၁၈​ ​နေ​ရာ​မှ​ ​ရပ်​တည်​နေ​သည်​။​ ​စစ်​တမ်း​များ​အ​ရ​ ​ရှာ​ရာ​ပို​ဗာ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​ကိုယ်​ဟန်​ပြ​ ​ဓာတ်​ပုံ​အ​ရိုက်​ခံ​ရ​ဆုံး​ ​အား​က​စား​မယ်​အ​ဖြစ်​ ​ရပ်​တည်​နေ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here