အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားပြုလုပ်

alt

တောင် ​ကို​ရီး​ယား​​ ​နိုင်ငံ​သည်​ ​ဒီ​ဇင်​ဘာ​ ​၂၃​ ​ရက်​နေ့​က​ ​ယ​ခု​နှစ်​အ​တွင်း​ ​ကြည်း​တပ်​၊​ ​ရေ​တပ်​ ​ပေါင်း​စည်း​ပါ​ဝင်​သည့်​ ​အ​ကြီး​မား​ဆုံး​ ​စစ်​ရေး​လေ့​ကျင့်​မှု​ကို​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ နယ်​စပ်​ဒေ​သ​သို့​ ​မြောက်​ကို​ရီး​ယား​ ​လက်​နက်​ကြီး​ ​ကျည်​ဆံ​များ​ ​ကျ​ရောက်​ပေါက်​ကွဲ​ပြီး​ ​တောင်​ကို​ရီး​ယား ​နိုင်ငံ​သား​အ​ချို့​ ​သေ​ဆုံး​ခဲ့​သည့်​ ​ဖြစ်​ရပ်​အ​ပြီး​ ​တစ်​လ​အ​ကြာ​တွင်​ ​ပို​ချီ​အွန်း​တွင်​ ​အ​ဆို​ပါ​ ​စစ်​ရေး​ပြ​ပွဲ​ကို​ ​ပြု​လုပ်​ခြင်း​ဖြစ်​သည်​။​ ​ယင်း​ေ​ဒ​သ​သည်​ ​နှစ်​နိုင်ငံ​တပ်​များ​ ​ထူ​ထပ်​စွာ​ ​တပ်​စွဲ​ထား​သည့်​ ​နယ်​စပ်​ဒေ​သ​နှင့်​ ​မိုင်​ ​၂၀​ ​မျှ​ ​အ​ကွာ​တွင်​ရှိ​သည်​။​

​ စစ်​ရေး​ပြ​ပွဲ​သည်​ ​မြောက်​ကို​ရီး​ယား​၏​ ​ရန်​စ​ကျူး​ကျော်​မှု​များ​ကို​ ​တုန့်​ပြန်​ရန်​ ​တောင်​ကို​ရီး​ယား​နိုင်ငံ​က​ ၎င်း​တို့​၏​ ​ကြီး​မား​သော​ ​စစ်​အင်​အား​ကို​ ​ထု​တ်​ဖော်​ပြ​သ​ခြင်း​ ​နည်း​လမ်း​တစ်​ခု​ဟု​ ​အ​ကဲ​ခတ်​များ​က​ ​သုံး​သပ်​ခဲ့​သည်​။​ ၄၅​ ​မိ​နစ်​ကြာ​မျှ​သာ​ ​ကျင်း​ပ​သော်​လည်း​ ​စစ်​ရေး​ပြ​ပွဲ​တွင်​ ​ဒုံး​ကျည်​လက်​နက်​များ​ ​ပစ်​ခတ်​မှု​၊​ F-15​ တိုက်​လေ​ယာဥ်​များ​ ​ပစ်​မှတ်​ရှာ​ ​ဗုံး​ကြဲ​မှု​နှင့်​ ​ရ​ဟတ်​ယာဥ်​များ​၏​ ​ချေ​မှုန်းတိုက်​ခိုက်​ရေး​ ​စွမ်း​ရည်များ​ကို​ ​ပြ​သ​သွား​သည်​။​ ​တောင်​ကို​ရီး​ယား​သည်​ ​ယ​ခု​နှစ်​အ​တွင်း​ ​စစ်​ရေး​လေ့​ကျင့်​မှု​ ​၄၇​ ​ကြိမ်​ကို​ ​ပြု​လုပ်​ခဲ့​ပြီး​ဖြစ်​သော်လည်း​ ​ဒီ​ဇင်​ဘာ​ ​၂၃​ ​ရက်​နေ့​ ​စစ်​ရေး​လေ့​ကျင့်​မှု​သည်​ ​စွမ်း​ရည်​အ​ပြည့်​ဝ​ဆုံး​ဖြစ်​သည်​။​ ယင်း​သည်​ ​မြောက်​ကို​ရီး​ယား​က​ ​ရုတ်​တ​ရက်​ ​တိုက်​ခိုက်​လာ​ပါ​က​ ​ချက်​ချင်း​တုန့်​ပြန်​နိုင်​ရန်​ ​လေ့​ကျင့်​ထား​ခြင်း​ဟု​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

တောင် ​ကို​ရီး​ယားသည်​ ​ပြီး​ခဲ့​သည့်​လ​ ​တိုက်​ခိုက်​ခံ​ရ​မှု​နောက်​ပိုင်း​ ​နယ်​စပ်​လုံ​ခြံု​ရေး​ကို​ ​ပို​မို​တင်း​ကြပ်​လာ​ခဲ့​ပြီး​ ​သ​မ္မ​တ​ ​လီ​မြောက်​ဘက်​သည်​လည်း​ နိုင်ငံ​၏​ ​နယ်​ခြား​ဒေ​သ​သို့​ ​ကိုယ်​တိုင်​သွား​ရောက်​ကာ​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here