​ဂျ​ပန်​နိုင်ငံ​တွင်​​ ​အင်​အား​ပြင်းင​လျင်​ကြောင့်​​ ​ဆူ​နာ​မီ​သ​တိ​ပေး​ချက်​​ ​ထုတ်​ပြန်​ခဲ့​ရ

alt

ဂျ​ပန်​နိုင်ငံ​တွင်​​ ​ဒီ​ဇင်​ဘာ​ ​၂၂​ ​ရက်​နေ့​​ ​အ​စော​ပိုင်း​က​ ​အင်​အား​ပြင်း​ထန်​သည့်​ င​လျင်​တစ်​ခု​ ​လှုပ်​ခတ်​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​ရစ်​ချ​တာ​စ​ကေး​​ ​၇.​၄​ ​ရှိ​သော​ င​လျင်​ကြောင့်​ ​ဆူနာ​မီ​ရေ​လှိုင်း​ ​သ​တိ​ပေး​ချက်​ကို​ ​ထုတ်​ပြန်​ပေး​ခဲ့​သော်​လည်း​ ​

နောက်​ပိုင်း​တွင်​ ​အ​မြင့်​ဆုံး​ ​သ​တိ​ပေး​ချက်​မှ​ ​အ​ဆင့်​လျှော့​ချ​ပေး​ခဲ့​သည်​။​ ​ချီ​ချီ​ကျွန်း​စု​ ​ဒေ​သ​အ​နီး​ ​ပ​စိ​ဖိတ်သ​မု​ဒ္ဒ​ရာ​ ​ကြမ်း​ပြင်​ကို​ ​အ​ခြေ​ပြု​ ​လှုပ်​ရှား​သွား​သော​ င​လျင်​ကို​ ​တို​ကျို​မြို့​တော်​မှ​ပင်​ ​ခံ​စား​ခဲ့​ရ​သည်​။

 ​နံ​နက်​အ​ရုဏ်​တက်​တွင်​ ​လှုပ်​ခတ်​ခဲ့​သော​ င​လျင်​ကြောင့်​ ​နောက်​ထပ်​ ၃​ ​နာ​ရီ​မျှ​အ​ကြာ​တွင်​ ​ဂျ​ပန်​ကမ်း​ခြေ​ ​အ​ချို့​သို့​ ​၂​ ​ပေ​အ​မြင့်​မျှ​ရှိ​သည့်​ ​လှိုင်း​အ​ချို့​ ​လာ​ရောက်​ရိုက်​ခတ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ င​လျင်​ဒဏ်​ကို​ ​လူ​ပေါင်း​များ​စွာ​ ​သိ​ရှိ​ခံ​စား​ရ​သော်​လည်း​ ​အ​ပျက်​အ​စီး​၊​ ​အ​သေ​အ​ပျောက်​စာ​ရင်း​ ​မ​ရ​ရှိ​ပေ​။​ ​သို့​သော်​လည်း​ ​အာ​ဏာ​ပိုင်​များ​က​ ​ကမ်း​နီး​ဒေ​သ​များ​တွင်​ ​နေ​ထိုင်​သူ​ ​၂၀၀​ ​ကျော်​မျှ​ကို​ ​အ​မြင့်​ပိုင်း​သို့​ ​ယာ​ယီ​ရွှေ့​ပြောင်း​စေ​ခဲ့​သည်​။​ ​ချီ​ချီ​နှင့်​ ​ဟာ​ဟာ​ ​ကျွန်း​စု​များ​တွင်​ ​ဆူ​နာ​မီ​ ​သ​တိ​ပေး​ချက်​ကို​ ​အ​ရေး​ပေါ်​ ​ထုတ်​ပြန်​ခဲ့​ပြီး​မှ​ ​၅​ ​နာ​ရီ​အ​ကြာ​တွင်​ ​ပြန်​လည်​ရုတ်​သိမ်း​ခဲ့​သည်​။​

ဂျ​ပန်​နိုင်ငံ​ ​တည်​ရှိ​ရာ​ ​ကျွန်း​စု​သည်​ ​မီး​တောင်​ရပ်​ဝန်း​များ​နှင့်​ ​ဆက်​စပ်​နေ​ပြီး​ ​မ​ကြာ​ခ​ဏ​ င​လျင်​လှုပ်​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​သည်​။​ ​၁၉၉၅​ ​ခု​နှစ်​က​ ​ဂျ​ပန်​တွင်​ ​ပြင်း​အား​အ​ဆင့်​ ​၇.​၂​ ​ရှိ​သော​ င​လျင်​ကြီး​တစ်​ခု​ ​လှုပ်​ခတ်​ခဲ့​ရာ​ ​အ​နောက်​ပိုင်း​ ​ဆိပ်​ကမ်း​မြို့​ ​ကို​ဘေး​တွင်​ ​လူ​ပေါင်း​ ​၆၄၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here