ဟေ​တီ​ကာ​လဝမ်း​ရော​ဂါ​​ ​ကူး​စက်​မှု​အ​ကြောင်းရင်း​​ ​စုံ​စမ်း​ရန်​​ ​လွတ်​လပ်​သော​ကော်​မ​ရှင်​ဖွဲ့​မည်

alt

ကုလသမဂ္ဂ အဖွဲ့ကြီးက ဟေတီ​နိုင်ငံတွင် ကာလဝမ်း​ရောဂါ စတင်​ကူးစက်မှု အကြောင်းရင်းနှင့် ပတ်သက်ပြီး လွတ်လပ်သော ကော်မရှင်​တစ်ခု ဖွဲ့စည်းကာ စုံစမ်းခွင့် ပြုသွား​မည်ဟု ပြောကြား​ခဲ့သည်။

လက်ရှိတွင် လူပေါင်း ၂၄၀၀ ကျော် သေဆုံး​ခဲ့ပြီးဖြစ်သည့် ကာလဝမ်း​ရောဂါ ပျံ့နှံ့မှုနှင့် စပ်လျဥ်းပြီး ကုလ​သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များထံမှ စတင်ခဲ့သည်ဟု ယူဆ​ရကြောင်း စွပ်စွဲချက်များ ထွက်ပေါ်​လာခဲ့ရာ ယင်း​အတွက် စုံစမ်း​သွားမည်ဟု ကုလ​သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့မှ အကြီးအကဲ အလိန်းလီရွိုင်းက ကတိပြုခဲ့သည်။

အဆိုပါ ကော်မရှင် ဖွဲ့စည်းမှုကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက အတည်ပြု ကြေညာမည်​ဖြစ်ကြောင်းလည်း လီရွိုင်းက​ဆိုသည်။ ကော်မရှင်​အနေနှင့် ဖြစ်စဥ်​တစ်ခုလုံးကို အသေးစိတ် လေ့လာပြီး တိတိကျကျ အစီရင်ခံ​နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြား​သွားခဲ့သည်။

အောက်တိုဘာလက ဟေတီတွင် ကာမဝမ်းရောဂါ စတင်ကူးစက်ခဲ့ပြီးနောက် အလွတ်တန်း လေ့လာသူ သုတေသန ပညာရှင်တစ်ဦးက ဝမ်းရောဂါသည် ဟေတီသို့ လာရောက်တပ်စွဲထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် နီပေါစစ်သားများထံမှ စတင်သည်ဟု ယူဆရကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်။ ကုလသမဂ္ဂသည် ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ယခုကဲ့သို့ စုံစမ်းရေး ကော်မရှင်တစ်ခု ဖွဲ့စည်းရန် စီစဥ်ခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here