​အ​မေ​ရိ​ကန်​လူငယ်​များ​​ ​အ​ရက်​သောက်​ခြင်း​ထက်​​ ​ဆေး​ခြောက်​​ကို​​ ​ပိုသုံးလာ

alt

အမေရိကန်​နိုင်ငံတွင် ယခုနှစ်​အတွင်း အရက်​သေစာ သောက်စားသူ လူငယ်​ဦးရေ လျော့ကျ​သွားကြောင်း သိရသည်။ သို့သော်လည်း ဆေးခြောက်​သုံးသူ လူငယ်​ထုမှာ ပိုမို​တိုးပွား​လာခဲ့သည်။

အထက်တန်း​ကျောင်းသား အရွယ်များကို လေ့လာ​ခဲ့သော စစ်တမ်းတွင် ယခုနှစ်​အတွင်း ဆေးခြောက်​သုံးသူ ၆.၁ ရာခိုင်နှုန်း ရှိလာခဲ့သည်။ ယင်းသည် ၂၀၀၉ ခုနှစ်က ၅.၂ ရာခိုင်နှုန်းထက် သိသိ​သာသာ များပြား​​လာခြင်း​ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေး​ဆိုင်ရာ ပညာရေး​ဌာနက ထုတ်ပြန်သော စစ်တမ်းတွင် ပါရှိသည်။

Grade 10 ကျောင်းသားများတွင် ဆေးခြောက်​သုံးစွဲမှုသည် ၂.၈ ရာခိုင်နှုန်းမှ ၃.၃ ရာခိုင်နှုန်းသို့ ရောက်ရှိ​လာသလို Grade 8 အရွယ်များ​သည် ယမန်နှစ်က ၁ ရာခိုင်နှုန်းမျှသာ ဆေးခြောက်​သုံးခဲ့သော်လည်း ယခု​အခါ ၁.၂ ရာခိုင်နှုန်းမျှ သုံးစွဲ​နေကြောင်း သိရသည်။ ဦးနှောက်​ဖွံ့ဖြိုးမှု အကောင်းဆုံး အရွယ်များတွင် ဆေးခြောက်​သုံးစွဲမှု မြင့်တက်လာခြင်းသည် ယင်းတို့၏ အနာဂတ်ကို ထိခိုက်​စေနိုင်ကြောင်း အမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေး​ဌာနမှ ဒေါက်တာနိုရာ ဗောကော်က မှတ်ချက်ပြုခဲ့သည်။ တစ်ဖက်တွင်မူ အရက်သေစာ သောက်စားမှု လျော့ကျ​သွားခြင်းသည် ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း ဒေါက်တာ​နိုရာကဆိုသည်။

စာရင်းများအရ ယမန်နှစ်က အမေရိကန်တွင် အရက်သောက်သူ အထက်တန်းကျောင်းသား ၂၅.၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ၂၃.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အထက်တန်းကျောင်းသား အရွယ်များတွင် အရက်သောက်စားမှု အမြင့်မားဆုံး ဖြစ်ခဲ့သည်မှာ ၁၉၉၈ ခုနှစ်ကဖြစ်ပြီး အမေရိကန် အထက်တန်းအရွယ် အားလုံး၏ ၃၁.၅ ရာခိုင်နှုန်း အရက်သောက်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here