ဒေး​ဗစ်​ဘက်​ခမ်း​ ဆာ​ဘွဲ့ချီး​မြှင့်​ခံ​ရ​ဖွယ်​ရှိ

alt

ဒေး​ဗစ်​ဘက်​ခမ်း​အ​နေ​နှင့်​​ ​ဆာ (Sir)​ ဘွဲ့​ကို​ ​ချီး​မြှင့်​ခံ​ရ​ဖွယ်​​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​​ ​ဘက်​ကင်​ဂမ်​ ​နန်း​တော်​အ​သိုင်း​အ​ဝိုင်း​သည်​​ ​နှစ်​သစ်​ကူး​ပွဲ​တော်​​ ​ဂုဏ်​ပြု​အ​ခမ်း​အ​နား​တွင်​​ အ​သက်​ ​၃၅​ ​နှစ်​ရှိ​ ​အ​င်္ဂလန်​ ​လက်​ရွေး​စင်​ ​ဘော​လုံး​အ​သင်း​၏​ ​အ​သင်း​ခေါင်း​ဆောင်​ဟောင်း​အား​ ​

သူ​ရဲ​ကောင်း​ (Knight)​ ဘွဲ့​ ​ချီး​မြှင့်​ရန်​ ​လျာ​ထား​ရာ​ ​ယင်း​ကိ​စ္စ​အ​ပေါ်​ ​ဝိုင်း​ဝန်း​ဖိ​အား​ပေး​မှု​များ​ ​ရှိ​နေ​သည်​။​ BBC​ Sports ​၏​ ​တစ်​သက်​တာ​ ​အား​က​စား​မော်​ကွန်း​ဆု​ကို​ ​မ​ကြာ​သေး​မီ​က​မှ​ ​ရ​ရှိ​ထား​သော​ ​ဘက်​ခမ်း​သည်​ ​၂၀၀၃​ ​ခု​နှစ်​က​လည်း​ OBE ​ဘွဲ့​ကို​ ​ရ​ရှိ​ခဲ့​ပြီး​ဖြစ်​သည်​။​ Daily​ Star ​သ​တင်း​ဌာ​န​က​ ​အ​င်္ဂလန်​ရှိ​ ​လောင်း​ကြေး​ဒိုင်​များ​သည်​ ​ယ​ခု​အ​ခါ​ ​ဘက်​ခမ်း​တစ်​ယောက်​ ​ပို​မို​အ​ဆင့်​မြင့်​သည့်​ ​ဆာ​ဘွဲ့​ရ​မ​ရ​ ​လောင်း​ကြေး​ဖွင့်​နေ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

ဘက်​ခမ်း​အား​ ​ထောက်​ခံ​သူ​များ​က​ ၎င်း​တို့​အ​နေ​နှင့်​ ​ဘက်​ခမ်း​တစ်​ယောက်​ ​သူ​ရဲ​ကောင်း​ဘွဲ့​မျှ​သာ​ ​ချီး​မြှင့်​ခံ​ရ​ပါ​က​ ​စိတ်​ပျက်​မိ​မည်​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​ကြ​သည်​။​ ​လက်​ရှိ​အ​ချိန်​တွင်​ ​အ​မေ​ရိ​ကန်​က​လပ်​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​ဂ​လက်​စီ​သို့​ ​သွား​ရောက်​က​စား​နေ​သော​ ​ဘက်​ခမ်း​မှာ​ ​တော်​ဝင်​မိ​သား​စု​မှ​ ​အိမ်​ရှေ့​မင်း​သား​ ​ဝီ​လျံ​၏​ ​အ​မာ​ခံ​ ​အား​ပေး​ခံ​ရ​သည့်​ ​စံ​ပြ​ပု​ဂ္ဂိုလ်​ ​တစ်ဦး​လည်း​ဖြစ်​သည်​။​ ​

ဘက်​ခမ်း​သည်​ ​ဘော​လုံး​လော​က​ ​ပြင်​ပ​တွင်​လည်း​ ​အ​လွန်​နှစ်​လို​ဖွယ်​ ​လူ​သား​တစ်ဦး​ဖြစ်​ကြောင်း​၊​ ​ဘက်​ခမ်း​သည်​ ​လူငယ်​ဘော​လုံး​သ​မား​များ​အ​တွက်​ ​စံ​ပြ​တစ်ဦး​ဖြစ်​ပြီး​ ​ယင်း​၏​ ​ကျွမ်း​ကျင်​မှု​၊​ ​ဆင်​ခြင်​စဥ်း​စား​မှု​တို့​သည်​ ​အ​လွန်​အ​ဆင့်​မြင့်​ကြောင်း​ ​ဝီ​လျံ​က​ ​ချီး​ကျူး​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here