နာမည်ကျော် ရုပ်သံအစီအစဉ်မှူး အော်ပရာဝင်းဖရေး ဖီဂျီသို့ အလည်အပတ်ရောက်

alt

နာ​မည်​ကျော်​​ ​ရုပ်​မြင်​သံ​ကြား​ ​အ​စီ​အ​စဥ်​မှူး​​ ​အော်​ပ​ရာ​ ​ဝင်း​ဖ​ရေး​တစ်​ယောက်​​ ​ဖီ​ဂျီ​နိုင်ငံ​သို့​​ ​အ​ပမ်း​ဖြေ​ခ​ရီး​စဥ်​အ​ဖြစ်​​ ​ရောက်​ရှိ​နေ​ပြီ​ဖြစ်​သည်​။​ ​တောင်​ပ​စိ​ဖိတ်​ ​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ရှိ​ ​ကျွန်း​နိုင်ငံ​လေး​သည်​ ​အော်​ပ​ရာ​ ​ရောက်​ရှိ​နေ​ခြင်း​အ​တွက်​ ​အ​လွန်​ဂုဏ်​ယူ​လျက်​ရှိ​သည်​။​

​ဖီ​ဂျီ​၏​ ​ခ​ရီး​သွား​ဝန်​ကြီး​က​ ​အော်​ပ​ရာ​သည်​ ​ဖီ​ဂျီ​တွင်​ ​ခ​ရစ်​စ​မတ်​ ​အား​လပ်​ရက်​ကို​ ​ကုန်​ဆုံး​နေ​ထိုင်​မည်​ဟု​ ​ပြော​ကြား​သွား​သည်​။​ ​ဖီ​ဂျီ​မှ​ ​တာ​ဝန်​ရှိ​သူ​များ​သည်​ ​အော်​ပ​ရာ​၏​ ​ပု​ဂ္ဂိုလ်​ရေး​ ​လွတ်​လပ်​ခွင့်​အ​တွက်​ ​အ​လေး​ပေး​ ​ဆောင်​ရွက်​လျက်​ရှိ​သည်​။​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ဖီ​ဂျီ​သို့​ ​ဆိုက်​ရောက်​လာ​သည့်​ ​အော်​ပ​ရာ​သည်​ ​ဒီ​ဇင်​ဘာ​ ​၂၆​ ​ရက်​နေ့​ထိ​ ​နေ​ထိုင်​မည်​ဟု​ဆို​သည်​။​ ​

ခ​ရီး​သွား​ဝန်​ကြီး​ ​အေ​ယက်​ဆာ​ရက်​ဆိုင်​ယွမ်​က​ ​သူ​မ​သည်​ ​ဖီ​ဂျီ​သို့​ ​ရောက်​ရှိ​လာ​ခြင်း​မှာ​ ​အ​နား​ယူ​ ​အ​ပမ်း​ဖြေ​ရန်​ဖြစ်​ကြောင်း​၊​ ​ယင်း​ကို​ ​နား​လည်​ပေး​ရ​မည်​ဖြစ်​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​၂၀၀၆​ ​ခု​နှစ်​ ​ဒီ​ဇင်​ဘာ​လ​က​ ​စစ်​အ​စိုး​ရ​ ​အာ​ဏာ​သိမ်း​ပြီး​နောက်​ပိုင်း​ ​ဖီ​ဂျီ​တွင်​ ​ဒီ​မို​က​ရေ​စီ​ ​ခေါင်း​ပါး​မှု​ကြောင့်​ ​အ​ခြား​သော​ ​နိုင်ငံ​များ​နှင့်​ ​ဆက်​ဆံ​ရေး​တွင်​ ​အ​ဟန့်​အ​တား​များ​ ​ရှိ​ခဲ့​သည့်​တိုင်​ ​ခ​ရီး​သွား​လုပ်ငန်း​မှာ​ ​ဆက်​လက်​တိုးတက်​နေ​ဆဲ​ဖြစ်​သည်​။​ ဩ​စ​တြေး​လျ​၊​ ​န​ယူး​ဇီ​လန်​တို့​သည်​ ​ဖီ​ဂျီ​သို့​ ​အ​ပျော်​ခ​ရီး​ထွက်​ခြင်း​ကို​ ​ကန့်​သတ်​ပိတ်​ပင်​ခဲ့​သ​လို​ ​အ​မေ​ရိ​ကန်​အ​စိုး​ရ​က​လည်း​ ​ဖီ​ဂျီ​သို့​ ​ခ​ရီး​သွား​ခြင်း​သည်​ ​အ​န္တ​ရာယ်​ရှိ​နိုင်​ကြောင်း​ ​ပြော​ကြား​ထား​သည်​။

​ ​ပြီး​ခဲ့​သည့်​လ​က​ ဩ​စ​တြေး​လျ​သို့​ ​သွား​ရောက်​ခဲ့​သည့်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​သည်​ ​ဖီ​ဂျီ​အ​စိုး​ရ​အား​ ​လူ့​အ​ခွင့်​အ​ရေး​နှင့်​ ​ဒီ​မို​က​ရေ​စီ​ ​ပြန်​လည်​ရ​ရှိ​ရေး​အ​တွက်​ ​တောင်း​ဆို​ခဲ့​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here