တောင်ကိုရီးယားစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား ကြေညာချက်ထုတ်

alt

ဒီ​ဇင်​ဘာ​လ​​ ​၂၀​ ​ရက်​နေ့​က​ ​တောင်​ကို​ရီး​ယား​စစ်​တပ်​​ ​အ​ပြင်း​အ​ထန်​ ​စစ်​ရေး​လေ့​ကျင့်​နေ​သော်​လည်း​​ ​မိ​မိ​တို့​က​ မ​ဆင်​မ​ခြင်​​ ​တုန့်​ပြန်​မှု​မျိုး​​ ​ပြု​လုပ်​မည်​မ​ဟုတ်​ကြောင်း​ ​မြောက်​ကို​ရီး​ယား​က​ ​ကြေ​ညာ​လိုက်​သည်​။​

​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​မြောက်​ပိုင်း​ရှိ​ ​ကွန်​မြူ​နစ်​နိုင်ငံ​ ​အ​စိုး​ရ​က​ ​တောင်ကို​ရီး​ယား​၏​ ​လုပ်​ဆောင်​ချက်​ကို​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ရန်​စ​မှု​ဟု​ ​မ​ယူ​ဆ​လို​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​ထို့​အ​ပြင်​ ​မိ​နစ်​ ​၉၀​ ​ကြာ​မြင့်​သော​ ​စစ်​ရေး​လေ့​ကျင့်​မှု​အ​တွင်း​ ​တောင်​ကို​ရီး​ယား​ ​ရေ​တပ်​သည်​ ​သတ်​မှတ်​ထား​သော​ ​ပစ်​မှတ်​ဇုန်​များ​ကို​ ​ပြောင်း​လဲ​ခဲ့​ကြောင်း​ ​မြောက်​ကို​ရီး​ယား​က​ ​​ပြော​ကြားခဲ့​သည်​။​

KCNA ​သ​တင်း​ဌာ​န​က​ ​ထုတ်​ပြန်​ခဲ့​ရာ​ ​မြောက်​ကို​ရီးယား​ ​အ​စိုး​ရ​အ​နေ​နှင့်​ ယ​ခု​စစ်​ရေး​လေ့​ကျင့်​မှု​သည်​ ​ပြီး​ခဲ့​သည့်​လ​ ​တောင်​ကို​ရီး​ယား​ ​ကျွန်း​တစ်​ခု​သို့​ ​လက်​နက်​ကြီး​ကျည်​ဆံ​များ​ ​ကျ​ရောက်​ပေါက်​ကွဲ​ပြီး​နောက်​ပိုင်း​ ​ပြု​လုပ်​ခဲ့​သည့်​ ​စစ်​ရေး​လေ့​ကျင့်​မှု​များ​နှင့်​ ​ကွဲ​ပြား​သည်​ဟု​ ​ယုံ​ကြည်​ကြောင်း​၊​ ​ထိုစဥ်​က​ ​တောင်​ကို​ရီး​ယား​တို့​ ​စစ်​ရေး​လေ့​ကျင့်​ရာ​မှ​ ​ပစ်​ခတ်​လိုက်​သော​ ​ဒုံး​ကျည်​များ​သည်​ ​မြောက်​ကို​ရီး​ယား​ပိုင်​နက်​ ​တောင်​ပိုင်း​ကမ်း​ခြေ​ထိ​ ​ကျ​ရောက်​ပေါက်​ကွဲ​ခဲ့​ကြောင်း​ ​ကြေ​ညာ​သွား​သည်​။​

ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​ ​တောင်​ကို​ရီး​ယား​၏​ ​စစ်​ရေး​လေ့​ကျင့်​မှု​ကို​ ​ရန်​စ​သည်​ဟု​ ​မ​ယူ​ဆ​သော်​လည်း​ ​မြောက်​ကို​ရီး​ယား​သည်​ ​လုံ​ခြံု​ရေး​အ​တွက်​ ​တပ်​လှန့်​ပြင်​ဆင်​ထား​ဆဲ​ဟု​ KCNA ​က​ဆို​သည်​။​ ​ကို​ရီး​ယား​နှစ်​နိုင်ငံ​ ​ဆက်​ဆံ​ရေး​သည်​ ​ပြီး​ခဲ့​သည့်​လ​က​ ​မြောက်​ကို​ရီး​ယား​၏​ ​ကျူး​ကျော်​ပစ်​ခတ်​မှု​ကို​ ​တောင်​ကို​ရီး​ယား​က​ ​တုန့်​ပြန်​ခဲ့​မှု​နောက်​ပိုင်း​ ​ပို​မို​တင်း​မာ​လာ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here