နီ​ပေါ​တွင်​​ ​ပျက်​ကျ​ခဲ့​သည့်​​ ​ခ​ရီး​သည်​တင်​​လေ​ယာဥ်​​ ​ရှာ​ဖွေ​​တွေ့​ရှိ

alt

နီပေါနိုင်ငံတွင် ပျက်ကျ​ခဲ့သည့် ခရီးသည်တင် လေယာဥ်အား ပြန်လည်​တွေ့ရှိခဲ့ပြီဖြစ်သည်။ Twin Otter အမျိုးအစား အပေါ့စား ခရီးသည်တင် လေယာဥ်လေးသည် အမှုထမ်း ၃ ဦးနှင့် ခရီးသည် ၁၉ ဦးတို့ကို သယ်ဆောင်​ပျံသန်းလာစဥ်

ဒီဇင်ဘာ ၁၅ ရက်နေ့က နီပေါ​နိုင်ငံ အရှေ့ပိုင်းရှိ တောင်ထူထပ်ရာ ဒေသတွင် ပျက်ကျ​ခဲ့ခြင်း​ဖြစ်သည်။

တောင်နံရံနှင့် တိုက်မိပြီး ခတ္တမန္ဒူ အရှေ့ပိုင်းတွင် ပျက်ကျသွားသော လေယာဥ်အား ရှာဖွေ​တွေ့ရှိပြီ​ဖြစ်ပြီး လိုက်ပါ​လာသူ အားလုံး သေဆုံး​သွားကြောင်း နီပေါ​ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ လက်ရှိ​အချိန်ထိ ရုပ်အလောင်း ၂၀ ကို ပြန်လည်​ရရှိပြီ​ဖြစ်ပြီး ကျန် ၂ ဦးကို ရှာဖွေ​နေဆဲ​ဖြစ်ကြောင်း၊ သို့သော်လည်း လိုက်ပါ​လာသူအားလုံး သေဆုံးပြီဟု မိမိတို့ အတည်ပြုနိုင်ကြောင်း ရဲတပ်ဖွဲ့ ပြောရေး​ဆိုခွင့်ရ အရာရှိ ဘီဂျန်ရာဂျာ ရှာမားက ပြောကြား​သွားသည်။

လေယာဥ်သည် အပိုင်းပိုင်း ကျိုးပဲ့သွားသလို ထူထပ်သိပ်သည်းသော တောအုပ်​အတွင်းတွင်ပင် ကိုက် ၂၀၀ စာမျှ အစအနများ ပြန့်ကြဲ​သွားခဲ့ကြောင်း ရှာမားကဆိုသည်။ နီပေါနိုင်ငံသည် လေကြောင်း​မတော်တဆမှုများ မကြာခဏ ဖြစ်ပွား​လေ့ရှိပြီး အထူးသဖြင့် နွေမုတ်သုံလေ တိုက်ခတ်ချိန်တွင် အဖြစ်များသည်။

ပြီးခဲ့သည့်လက ဧဝရတ်တောင်အနီး ရဟတ်ယာဥ်တစ်စင်း ပျက်ကျခဲ့ရာ ပိုင်းလော့နှင့် အင်ဂျင်နီယာတို့ သေဆုံးခဲ့သည်။ ဩဂုတ်လ​အတွင်းကလည်း အဆိုပါ ဒေသ​အနီးတွင်ပင် ရာသီဥတု ဆိုးရွားသောကြောင့် လေယာဥ်ငယ်​တစ်စင်း ပျက်ကျရာ လိုက်ပါ​လာသူ ၁၄ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here