အဆင့်မြင့်​ကွန်ဖူးသင်ရန် တရုတ်​အမျိုးသား​​တစ်ဦး မိမိ​ကိုယ်ကိုယ် သင်းကွပ်

alt

တရုတ်နိုင်ငံမှ အမျိုးသား တစ်ဦးသည် အဆင့်မြင့် ကွန်ဖူးသိုင်း​တစ်ခု လေ့ကျင့်ရန်အတွက် မိမိ​ကိုယ်ကိုယ် သင်းကွပ်​လိုက်ကြောင်း သိရသည်။ ယခု​သီတင်းပါတ် အစောပိုင်းက ဂျီလင်တွင် နေထိုင်သော အသက် ၆၀ အရွယ် အမျိုးသားကြီး

တစ်ဦးသည် မိမိ​ကိုယ်ကိုယ် ယောက်ျားဘ​ဝ​ အညွန့်​တုံးအောင် လက်ရဲ​ဇက်ရဲ ဆောင်ရွက်ခဲ့ခြင်း​ဖြစ်သည်။ ကွီဂွန်းခေါ် အဆင့်မြင့် ကိုယ်ခံသိုင်းပညာ သင်ယူရန် ၎င်း၏ ပိုင်ဆိုင်မှု စည်းစိမ်​ဥစ္စာ မှန်သမျှ​ကိုလည်း စွန့်လွှတ်ရန် ယင်း​၏​​ဆရာက အမိန့်​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် လိင်အင်္ဂါမှ ဝှေးစေ့နှစ်လုံးကို ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက လှီးဖြတ်လိုက်ပြီးနောက် သွေးအိုင်ထဲ လဲကျနေခဲ့သည်။ ရဲများသည် ပတ်ဝန်းကျင်မှ ဖုန်းဆက်အကြောင်းကြားမှုကြောင့် နူဇင်ဒင်းရှိ ၎င်း၏အိမ်သို့ ရောက်လာခဲ့ရာ သတိမေ့နေသော ပုဂ္ဂိုလ်အား တွေ့ရှိခဲ့သည်။

၎င်းအား ဆေးရုံသို့ တင်ပို့ကုသပြီးနောက် သတိလည်လာချိန်တွင် ကွန်ဖူးသိုင်းပညာ ဆရာတစ်ဆူ ဖြစ်လိုသော ဆန္ဒကို ရဲများအား ပြောပြခဲ့သည်။ အဆိုပါ အမျိုးသားသည် ယခုအခါ ဒဏ်ရာသက်သာလာပြီ ဖြစ်သော်လည်း လိင်အင်္ဂါကိုမူ အကောင်းအတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်မည် မဟုတ်တော့ချေ။ အခင်းဖြစ်ပွားချိန်က ယင်း၏ ဇနီးနှင့် သားသမီးများသည် နိုင်ငံရပ်ခြား ရောက်နေကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here