လူ့ခန္ဓာကိုယ်​အ​စိတ်​အ​ပိုင်း​​ ​မှောင်​ခို​ရောင်းဝယ်​မှု​တွင်​​ ​ကို​ဆို​ဗိုဝန်​ကြီး​ချုပ်​​ ​ပါ​ဝင်​ပတ်​သက်​နေ​ဟု​ဆို

alt

လူ့ခန္ဓာကိုယ် အစိတ်​အပိုင်း တရားမဝင် မှောင်ခို​ရောင်းဝယ်မှုတွင် ကိုဆိုဗို ဝန်ကြီးချုပ် ပါဝင်​ပတ်သက်​နေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်​လာခဲ့သည်။ ၂ နှစ်ကြာ ကာလ​အတွင်း နိုင်ငံတကာ ကွန်ရက်ထိ ဖြန့်ကျက်​​စုံစမ်းမှုများ​အရ

ဝန်ကြီးချုပ် ဟာရှင်သာဆီသည် လူ့​အဆုပ်များကို ရောင်းဝယ်မှု ပြုလုပ်​ခဲ့ကြောင်း သိရသည်။

၁၉၉၉ ခုနှစ် ပဋိပက္ခ ကာလ​အတွင်း သာဆီသည် ဆာဘီးယား အကျဥ်းသားများ​ထံမှ အဆုတ်ကို ထုတ်ယူကာ မှောင်ခို​ဈေးကွက်သို့ တင်ပို့​ရောင်းချမှုတွင် ပါဝင်​​ပတ်သက်​ခဲ့ကြောင်း ဥရောပ ကောင်စီသို့ တင်ပြမည့် အစီရင်ခံစာအတွင်း ထည့်သွင်း​​ဖော်ပြ​ထားသည်။ ယခင် ကိုဆိုဗို လွတ်မြောက်ရေး တပ်ဦး​၏ နိုင်ငံရေး ခေါင်းဆောင်ဟောင်း သာဆီသည် ဒရာနီကာ​အဖွဲ့ခေါ် ဒုစရိုက်​ကွန်ရက်ဂိုဏ်း၏ ခေါင်းဆောင်​တစ်ဦး​ဖြစ်ကြောင်း အစီရင်ခံစာက​​ဆိုသည်။ ယင်းဂိုဏ်းသည် ကိုဆိုဗိုနှင့် အယ်ဘေးနီးယား​တို့တွင် ဖြန့်ကျက်​လှုပ်ရှား​လျက်ရှိသည်။

အစီရင်ခံစာ ထွက်ပေါ်​လာပြီးနောက် ကိုဆိုဗို အာဏာပိုင်များက အဆိုပါ​ကိစ္စသည် ဝန်ကြီးချုပ်အား လီဆယ်​စွပ်စွဲမှုသာဖြစ်ကြောင်း တုန့်ပြန်​ခဲ့သည်။ အသက် ၄၂ နှစ်ရှိ သာဆီ​ဦးဆောင်သော နိုင်ငံရေး ပါတီသည် ဆာဘီးယား လက်အောက်ခံ​အဖြစ်မှ ကိုယ်ပိုင်​လွတ်လပ်ရေး ကြေညာ​ပြီးနောက်ပိုင်း ပထမဆုံး​အကြိမ်အဖြစ် ယခုလ​အတွင်း ရွေးကောက်ပွဲ အနိုင်ရခဲ့သည်။ ၁၉၉၉ ခုနှစ်၊ ဇွန်လက ကိုဆိုဗို အရေးအခင်းများ ရပ်စဲခဲ့​ပြီးနောက် ထူထောင်ခဲ့သည့် ဒုစရိုက်​ဂိုဏ်း ဒရာနီကာနှင့် ပတ်သက်သော လေ့လာ​အစီရင်ခံစာကို ဆွစ်ဇာလန် နိုင်ငံရေး​သမား တစ်ဦး​ဖြစ်သော ဒစ်ကီမာတင်က ပြုစု​ခဲ့သည်။

CIA အဖွဲ့၏ အဓမ္မ ပြန်ပေးဆွဲမှုများနှင့် အကြမ်းဖက်သမားဟု ယူဆရသည့် ဥရောပသားများကို အတင်းအကြပ် ဖမ်းဆီးထောင်ချခဲ့မှုများကို အခြေခံ လေ့လာရန် ရည်ရွယ်ခဲ့သော အစီရင်ခံစာသည် သာဆီ၏ ဒုစရိုက် ကွန်ရက်ကို ခြေရာခံမိလာခြင်းဟုဆိုသည်။ ၂၀၀၈ ခုနှစ်က ထုတ်ဝေခဲ့သည့် ကာလာဒယ်ပွန်တီ၏ ကိုဆိုဗိုမှတ်တမ်း အခြေခံ ဝတ္ထုဖြစ်သော The Hunt တွင် ကိုဆိုဗိုဖွား အယ်ဘေးနီးယန်းများသည် အတင်းဖမ်းဆီးထားသည့် ဆာ့ဘ်တို့ထံမှ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်တောက်ယူငင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးနောက် အဆိုပါ ရာဇဝတ်မှုနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here