​​​အသုံးပြုသူ၏ မျက်နှာကို မှတ်သားထားနိုင်မည့် Software အား Facebook​ စတင်ထည့်သွင်းပေး

alt

Facebook ​သည်​ ​အ​သုံး​ပြု​သူ​များ​၏​​ ​မျက်​နှာ​သွင်​ပြင်​ကို​​ ​အ​လွယ်​တ​ကူ​ ​မှတ်​မိ​စေ​မည့်​​ Facial​ Recognition​ Software​ ကို​ ​စ​တင်​ထည့်​သွင်း​ပေး​လိုက်​ပြီ​ဖြစ်​သည်​။​​ ​ယင်း​သည်​ ​ဝက်​ဆိုက်​သို့​​ Upload​ တင်​လိုက်​သည့်​ ​ဓာတ်​ပုံ​များ​တွင်​ရှိ​သော​ ​မျက်​နှာ​များ​ကို​ ​အ​လို​အ​လျောက်​ ​မှတ်​သား​ပေး​ကာ​

​မိတ်​ဆွေ​သူငယ်​ချင်း​များ​ကို​ Tag​ လုပ်​ရာ​တွင်​ ​အ​ကြံ​ပေး​သွား​မည်​ဖြစ်​သည်​။​ ​

က​မ္ဘာ​ကျော်​ Social​ Networking​ ​ဝက်​ဆိုက်​ကြီး​၏​ ​အင်​ဂျင်​နီ​ယာ​ဖြစ်​သူ​ ​ဂျက်​စ​တင်​မစ်​ချယ်​က​ Tag​အ​တွက်​ ​အ​ကြံ​ပေး​မည့်​ Feature​ သစ်​က​ Tag​ လုပ်​ပေး​ထားသည့်​ ​မိတ်​ဆွေ​သူငယ်​ချင်း​များ​၏​ ​ဓာတ်​ပုံ​များ​ကို​ ​ခြေ​ရာ​ခံ​ကာ​ ​ဓာတ်​ပုံ​သစ်​တိုင်း​တွင်​ ​ပါ​ရှိ​သော​ ​မျက်​နှာ​များ​ကို​ ​ခြေ​ရာ​ခံ​ပေး​သွား​မည်​ဖြစ်​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​အ​ဖွဲ့​လိုက်​ရိုက်​ထား​သော​ ​ဓာတ်​ပုံ​များ​အ​တွ​က​်​လည်း​ Tag​လုပ်​သင့်​မ​သင့်​ ​ချိန်​ဆ​နိုင်​ရန်​ ​အ​ဆို​ပါ​ Software​ က​ ​အ​ကြံ​ပြု​သွား​မည်​ဖြစ်​သည်​။​

Facebook​ ၏​ Feature​ သစ်​ကို​ ​အ​မေ​ရိ​ကန်​တွင်​ ​ဒီ​ဇင်​ဘာ​ ​၂၂​ ​ရက်​နေ့​မှ​ ​စ​တင်​အ​သုံး​ပြု​နိုင်​ပြီး​ ​မ​ကြာ​မီ​ ​တစ်​က​မ္ဘာ​လုံး​ ​သုံး​စွဲ​သွား​နိုင်​မည်​ဖြစ်​သည်​။​ Facebook​ တွင်​ ​နေ့​စဥ်​ Tag ​လုပ်​သည့်​ ​ဓာတ်​ပုံ​ပေါင်း​ ​သန်း​ ​၁၀၀​ ​ကျော်​ ​ရှိ​နေ​​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here