၂၀၁၀ ခုနှစ်အတွက် အကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ဂျူလီယန်အက်ဆန်းအား ပြင်သစ်သတင်းစာရွေးချယ်

alt

ပြင်​သစ်​နိုင်ငံ​မှ​​ ​နာ​မည်​ကျော်​ ​သ​တင်း​စာ​​ ​လီ​မွန်​ဒီ​က​ ​၂၀၁၀​​ ​အ​တွက်​ ​အ​ကျော်​ကြား​ဆုံး​ ​လူ​ပု​ဂ္ဂိုလ်​အ​ဖြစ်​ ​ဂျူ​လီ​ယန်​ ​အက်​ဆန်း​ကို​ ​ရွေး​ချယ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်​ ​၃၉​ ​နှစ်​ရှိ​ ဩ​စ​တြေး​လျ​နိုင်ငံ​သား​သည်​ ၎င်း​တည်​ထောင်​ထား​သည့်​ ​က​မ္ဘာ​ကျော်​ ​ဖော်​ကောင်​ဝက်​ဆိုက်​ Wikileaks ​မှ​တ​ဆင့်​

​နိုင်ငံ​တ​ကာ​ ​အ​စိုး​ရ​ ​ထောက်​လှမ်း​ရေး​နှင့်​ ​သံ​တ​မန်​ရေး​ ​လျှို့​ဝှက်​ချက်​များ​ကို​ ​ဖော်​ထုတ်​ပြီး​ ​နာ​မည်​ကြီး​လာ​ခြင်း​ဖြစ်​သည်​။​ ​

လျှို့​ဝှက်​ချက်​ပေါင်း​ ​မြောက်​မြား​စွာ​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည့်​ ​အက်​ဆန်း​သည်​ ​ယ​ခု​နှစ်​အ​တွက်​ ​နာ​မည်​အ​ကြီး​ဆုံး​ ​လူ​ပု​ဂ္ဂိုလ်​အ​ဖြစ်​ ​ရွေး​ချယ်​သင့်​ကြောင်း​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​စာ​ဖတ်​ပ​ရိ​သတ်​များ​၏​ ​မဲ​ပေး​မှု​အ​ရ​ ​အက်​ဆန်း​သည်​ ​မဲ​ ​၅၆​ ​ရာ​ခိုင်​နှုန်း​ ရ​ရှိ​ခဲ့​သည်​။​ ၎င်း​၏​နောက်​တွင်​မူ​ ​တ​ရုတ်​အ​စိုး​ရ​၏​ ​အ​ကျဥ်း​ချ​မှု​ ​ခံ​နေ​ရ​သည့်​ ​ယ​ခု​နှစ်​ ​ငြိမ်း​ချမ်း​ရေး ​နို​ဘယ်​ဆု​ရှင်​ ​လျူ​ဇီ​ဘို​က​ ​၂၂​ ​ရာ​ခိုင်​နှုန်း​နှင့်​ ​ရပ်​တည်​နိုင်​ခဲ့​သည်​။​ ​

က​မ္ဘာ​ကျော်​ Time​ မ​ဂ္ဂ​ဇင်း​ကြီး​က​ ​တစ်​နှစ်​တာ​ ​အ​ထင်​ရှား​ဆုံး​ ​လူ​ပု​ဂ္ဂိုလ်​အ​ဖြစ်​ ​ရွေး​ချယ်​ဂုဏ်​ပြု​ခဲ့​သည့်​ Facebook​ ဝက်​ဆိုက်​ CEO ​ဖြစ်​သူ​ ​မတ်​ဇူ​ကာ​ဘက်​မှာ​ ​မဲ​ ​၆.​၉​ ​ရာ​ခိုင်​နှုန်း​သာ​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here