ဇာတ်ကားအရ အဝ​တ်​မပါသော ဇာတ်ဝင်​ခန်းများ ရိုက်ကူး​နိုင်ကြောင်း အန်နာဟီသာဝေး​ပြော

alt

မင်း​သ​မီး​တစ်ဦး​အ​နေ​နှင့်​​ ​ဇာတ်​ကား​အ​လို​အ​ရ​ ​အ​ဝတ်​မ​ပါ​သော​​ ​ဇာတ်​ဝင်​ခန်း​များ​ ​ရိုက်​ကူး​ရ​ခြင်း​ကို​​ ​လက်​ခံ​နိုင်​ကြောင်း​​ ​အန်​နာ​ဟီ​သာ​ဝေး​က​ ​ပြော​ကြား​သွား​သည်​။​ ​

အ​သက်​ ​၂၈​ ​နှစ်​ရှိ​ ​ဟော​လီး​ဝုဒ်​ ​မင်း​သ​မီး​သည်​ ​သူ​မ​၏​ ​ဇာတ်​ကား​သစ်​ Love​ &​ Other​ Drugs ​တွင်​ ​ဂျက်​ဂါ​လင်​ဟားနှင့်​ ​သ​ရုပ်​ဆောင်​ထား​ပြီး​ ​လို​အပ်​သော​ ​ဇာတ်​ဝင်​ခန်း​အ​ရ​ ​ကင်​မ​ရာ​ရှေ့​တွင်​ ​အဝတ်​များ​ ​ချွတ်​ပြ​ခဲ့​ရ​သည့်​အ​တွက်​ ​ကျေ​နပ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​

BANG​ Showbiz ​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​ဟီ​သာ​ဝေး​က​ ​မင်း​သား​တစ်ဦး​ဖြစ်​စေ​၊​ ​မင်း​သ​မီး​တစ်ဦး​ဖြစ်​စေ​ ​အ​ဝတ်​မ​ပါ​သော​ ​ဇာတ်​ဝင်​ခန်း​များ​ ​ရိုက်​ကူး​ရန်​ ​အ​သေ​အ​ချာ​ ​ကြံု​စုံ​ရ​မည်​ဖြစ်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​မှန်​တ​ကယ်​ ​လို​အပ်​သည်​မှာ​ ​အ​ပြန်​အ​လှန်​ ​လေး​စား​မှု​ရှိ​ရန်​ဖြစ်​ပြီး​ ​ယင်း​အ​တွက်​ ​ဇာတ်ဝင်​ခန်း​ ​ရိုက်​ကူး​သည့်​အ​ခါ​ ​ပို​မို​သက်​သောင့်​သက်​သာ​ရှိ​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ချစ်​တင်း​နှီး​နှော​သည့်​ ​အ​ခန်း​များ​အ​တွက်​ ​သူ​မ​သည်​ ​ဂါ​လင်​ဟား​နှင့်​ ​အ​သေး​စိတ်​ ​ဆွေး​နွေး​ခဲ့​ကြောင်း​လည်း​ ​ဟီ​သာ​ဝေး​က​ဆို​သည်​။​ ​

အ​ချို့​သော​ ​အ​ခန်း​များ​သည်​ ​ထင်​သည်​ထက်​ ​ရိုက်​ရ​ခက်​ပြီး​ ​အ​နု​စိတ်​လှ​ကြောင်း​၊​ ​အ​ဝတ်​မ​ပါ​သော​ ​အ​ခန်း​များ​ကို​ ​ဒါ​ရိုက်တာ​ ​စိတ်​မ​ကျေ​နပ်​မ​ခြင်း​ ​အ​ထပ်​ထပ်​ ​ပြန်​ရိုက်​ရ​ခြင်း​မှာ​ ​အ​တော်​လေး​ ​စိတ်​ပျက်​စ​ရာ​ ​ဖြစ်​ခဲ့​သော်​လည်း​ ​ယင်းသည်​ ​မိ​မိ​အ​တွက်​ စိန်​ခေါ်​မှု​ ​တစ်​ခု​အ​ဖြစ်​ ​ခံ​ယူ​ထား​ကြောင်း​ ​ဟက်​သာ​ဝေး​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here