ဖီလစ်ပိုင်ရှိ စရိတ်နည်း​ဟိုတယ်​တစ်ခုတွင် မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံး​

alt

ဖိ​လစ်​ပိုင်​နိုင်ငံ​ရှိ​​ ​စ​ရိတ်​သက်​သာ​သော​ ​ဟို​တယ်​တစ်​ခု​တွင်​​ ​မီး​လောင်​မှု​ ​ဖြစ်​ပွား​ရာ​​ ​အ​နည်း​ဆုံး​ ​လူ​ ​၁၅​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​နိုင်ငံ​မြောက်​ပိုင်း​တွင်​ ​ဒီ​ဇင်​ဘာ​ ​၁၉​ ​ရက်​နေ့​ ​အ​စော​ပိုင်း​က​ ​မီး​လောင်​မှု​ကြောင့်​ ​၁၂​ ဦး​ထက်​မ​နည်း​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သည်​။

​ ​သေ​ဆုံး​သူ​ ​အ​များ​စု​သည်​ ​မြို့​အ​တွင်း​ ​ကျင်း​ပ​ပြု​လုပ်​မည့်​ ​သူ​နာ​ပြု​ စာ​မေး​ပွဲ​သို့​ ​လာ​ရောက်​ကြ​သည့်​ ​သူ​နာ​ပြု​သင်​တန်း​သူ​ ​သင်​တန်း​သား​များ​ဟု​ ​သ​တင်း​များ​က​ဆို​သည်​။​ ​တီ​ဂူး​ဂါ​ရာ​ရို​မြို့​တွင်​ ​လောင်​ကျွ်း​သော​မီး​ကို​ ​၈​ ​နာ​ရီ​ကြာ​ ​ငြိှမ်း​သတ်​ခဲ့​ရသည်​။​ ​၅​ ​ထပ်​တိုက်​ ​ဟို​တယ်​အ​တွင်း​ ​ရုပ်​အ​လောင်း​ ​အ​ကြွင်း​အ​ကျန်​များ​ကို​ ​သတ်​ထုတ်​နေ​ရ​ဆဲ​ဟု​ ​စုံ​စမ်း​ရေး​မှူး​ ​ဒင်​နီ​ရယ်​ ​အ​ဘား​နား​က​ဆို​သည်​။​ ​

ရဲ​တပ်​ဖွဲ့​က​ ​မည်​သူ​မည်​ဝါ​ ​မ​ခွဲ​ခြား​နိုင်​သေး​သည့်​ ​ရုပ်​အ​လောင်း​ ​၁၄​ ​ခု​ကို​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​မီး​လောင်​မှု​သ​တင်း​ကို​ ​ကြား​သိ​ရ​ပြီး​နောက်​ ​ဟို​တယ်​တွင်​ ​တည်း​ခို​နေ​သူ​များ​၏​ ​မိ​သား​စု​များ​ ​စု​ရုံး​လာ​ရောက်​ခဲ့​ကြ​သည်​။​ မီး​စ​တင်​ ​လောင်​ကျွမ်း​စဥ်​ ​ဟို​တယ်​အ​ထပ်​မြင့်​များ​အ​တွင်း​ ​ပိတ်​မိ​နေ​သူ​ ​ဒါ​ဇင်​ပေါင်း​များ​စွာ​ကို​ ​မီး​သတ်​နှင့်​ ​ရဲ​များ​က​ ​ကယ်​တင်​နိုင်​ခဲ့​သည်​။​

မ​နီ​လာ​မြို့​မှ​ ​မြောက်​ပိုင်း​ ​၂၁၅​ ​မိုင်​အ​ကွာ​တွင်​ ​တည်​ရှိ​သော​ ​တီ​ဂူး​ဂါ​ရာ​ရို​မြို့​သည်​ ​သူ​နာ​ပြု​ ​သင်​တန်း​တက်​ရောက်​နေ​သူ​ ​လူငယ်​များ​ ​စာ​မေး​ပွဲ​ ​လာ​ရောက်​ဖြေ​ဆို​ရာ​ ​နေ​ရာ​တ​စ်​ခု​ဖြစ်​သည်​။​ ​ဖိ​လစ်​ပိုင်​နိုင်ငံ​တွင်​ ​ပြီး​ခဲ့​သည့်​ ​နှစ်​ပိုင်း​အ​တွင်း​ ​သူ​နာ​ပြု​လုပ်ငန်း​ကို​ ​အ​သက်​မွေး​ ​အ​တတ်​ပ​ညာ​တစ်​ခု​အ​ဖြစ်​ ​စိတ်​ဝင်​တ​စား​ ​သင်​ယူ​သူ​ ​အ​ရေ​အ​တွက်​ ​တိုး​ပွား​လာ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here