လေ​ယာဥ်​ပျံ​သန်း​နေ​စဥ်​​ ​တံ​ခါး​ဆွဲ​ဖွင့်ရန်​ကြိုးပမ်းသည့်​​ ​အ​မျိုး​သ​မီး​​ ​တ​ရား​စွဲ​ခံ​ရ​မည်

alt

လေယာဥ်​ပျံသန်းနေစဥ် တံခါးကို အတင်း​ဆွဲဖွင့်ရန် ကြိုးပမ်း​ခဲ့သည့် အမျိုးသမီး တစ်ဦးအား တရား​စွဲဆို​သွားရန် စီစဥ်​​နေကြောင်း စင်္ကာပူ သတင်း​​ဌာနများက ဖော်ပြ​ခဲ့သည်။

အိုင်ယာလန် နိုင်ငံသူ တစ်ဦးြ​ဖစ်သည့် ဒိုင်ယနာ မေရီ စကန်လွန်သည် SQ 327 စင်္ကာပူ လေကြောင်းလိုင်း လေယာဥ်ပေါ်တွင် နိုဝင်ဘာ ၃၀ ရက်နေ့က တံခါး​ဖွင့်ရန် ကြိုးပမ်း​ခဲ့ခြင်းဖြစ်သည်။ သူမသည် လေယာဥ် မဆင်းရသေးမီ တံခါးဖွင့်ရန် ကြိုးပမ်းခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးအား လေယာဥ်နှင့် ခရီးသည်များ၏ လုံခြံုရေးကို နှောင့်ယှက်မှုဖြင့် တရား​​စွဲဆိုမည်​ဖြစ်ပြီး ပြစ်မှု​ထင်ရှားပါက ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ထိဖြစ်စေ၊ ထောင်ဒဏ် ၁ နှစ်​ထိဖြစ်စေ ချမှတ်​နိုင်မည်ဟု သိရသည်။

Strait Times သတင်းစာက ဒိုင်ယာနာသည် တရားသူကြီးက စွဲချက်ကို ဖတ်ပြစဥ် ငိုကြွေးနေခဲ့ကြောင်း ရေးသား​ဖော်ပြခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့က စစ်ဆေးခဲ့သည့် ဒိုင်ယာနာ၏ အမှုကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဆက်လက်​ကြားနာမည်​ဖြစ်ပြီး လက်တလောတွင် သူမကို စိတ်​ကျန်းမာရေး​ဆိုင်ရာ ပညာရေး​ဌာနတွင် ရမန်​နှစ်ပါတ် ထားရှိ​သွားရန် အမိန့်​ချထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here