အမျိုးသမီးများ လိင်​စိတ်အမြင့်ဆုံး​အချိန် မည်သို့​​ခံစား​​နေ​ရ​​သည်ကို သိနိုင်မည်

alt

အ​မျိုး​သ​မီး​များ​​ ​လိင်​စိတ်​သာ​ယာ​မှု​​ ​အ​မြင့်​မား​ဆုံး​ ​အ​ချိန်​တွင်​​ ​စိတ်​အ​တွင်း​ ​ပေါ်​ပေါက်​နေ​သ​မျှ​ကို​​ ​သိ​ရှိ​နိုင်​ပြီ​ဖြစ်​သည်​။​ ​အ​ဆင့်​မြင့်​ ​နည်း​ပ​ညာ​သုံး​ Scan ​ဖတ်​မှု​ဖြင့်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​မှ​ ​ပ​ညာ​ရှင်​များ​က​ ​လိင်​စိတ်​ ​အ​ထွတ်​အ​ထိပ်​ ​

ရောက်​နေ​ချိန်​တွင်​ ​အ​မျိုး​သ​မီး​များ​၏​ ဦး​နှောက်​တုန့်​ပြန်​မှု​ကို​ ​လေ့​လာ​ခဲ့​သည်​။​ ​

ရက်​ဂျာ​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​၏​ ​စစ်​ဆေး​တွေ့​ရှိ​ချက်​အ​ရ​ ​အ​မျိုး​သ​မီး​များ​သည်​ ​လိင်​ဆက်​ဆံ​နေ​မှု​ကြောင့်​ ​နာ​ကျင်​မှု​ကို​ ​အ​ခြေ​ပြု​သော​ ​နှစ်​လို​သာ​ယာ​မှု​ ​တစ်​ခု​တည်း​ကို​သာ​ ​သိ​ရှိ​ခံ​စား​နေ​ရ​သည်​ ​မ​ဟုတ်​ကြောင်း​ ​ဖော်​ထုတ်​လာ​နိုင်​သည်​။​ ​အ​မြင့်​ဆုံး​ ​အာ​ရုံ​ခံ​စား​မှု​သို့​ ​ရောက်​ရှိ​နေ​စဥ်​ ​အ​မျိုး​သ​မီး​များ​၏​ ဦး​နှောက်​နေ​ရာ​ ​၃၀​ ​ကျော်​တွင်​ ​လှုံ့​ဆော်​မှု​များ​ ​ဖြစ်​ပေါ်​နေ​ပြီး​ ​ခံ​စား​ချက်​၊​ ​အ​ထိ​အ​တွေ့​၊​ ​နှစ်​သက်​မှု​၊​ ​ကျေ​နပ်​အား​ရ​မှု​နှင့်​ ​မှတ်ဉာဏ်​များ​ကို​ ​အ​စီ​အ​စဥ်​တ​ကျ​ ​ပုံ​ဖော်​ပေး​နေ​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ဆို​သည်​။​ ​ထို့​အ​ပြင်​ ​လိင်​ဆက်​ဆံ​သည့်​ ​အ​ချိန်​ကာ​လ​အ​လိုက်​ ​ခံ​စား​မှု​ ​မြင့်​တက်​လာ​သည့်​အ​တိုင်း​ ​လှုံ့​ဆော်​မှု​ ​အ​ရေ​အ​တွက်​ ​ပို​များ​လာ​ကြောင်း​လည်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

အ​မျိုး​သ​မီး​များ​၏​ ​ခ​န္ဓာ​ကိုယ်​သို့​ ​ထိ​တွေ့​မှု​တိုင်း​ကို​ ဦး​နှောက်​က​ ​လက်​ခံ​ယူ​ကာ​ ​သက်​ဆိုင်​ရာ​ ​အ​စိတ်​အ​ပိုင်း​များ​သို့​ ​ပို့​ဆောင်​ပြီး​ ​ကျေ​နပ်​နှစ်​သက်​မှု​ကို​ ​ဖော်​ထုတ်​ပေး​ကြောင်း​ ​တ​က္က​သိုလ်​မှ​ လိင်​မှု​ဆေး​ပ​ညာ​ ​သု​တေ​သီ​ ​ဘယ်​ရီ​ကို​မီ​ဆာ​ရက်​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​အ​ချို့​သော​ ​အ​မျိုး​သ​မီး​များ​သည်​ ​လိင်​စိတ်​အ​ထွတ်​အ​ထိပ်​ ​ရောက်​ရှိ​ချိန်​တွင်​ ​လက်​များ​ကို​ ​စ​က္ကန့်​ပိုင်း​မျှ​ခြား​ပြီး​ ​မ​ကြာ​ခ​ဏ​ ​မြှောက်​မိ​သွား​ကြောင်း​၊​ ​ယင်း​မှာ​ ​လိင်​သာ​ယာ​မှု​ ​အ​မြင့်​ဆုံး​သို့​ ​ရောက်​ချိန်​ကြာ​လေ​လေ​၊​ ဦး​နှောက်​က​ ​သ​တိ​လက်​လွတ်​ ​ဖြစ်​သည်​အ​ထိ​ ​ကျေ​န​ပ်​နှစ်​သက်​မှု​ ​ဖြစ်​လာ​အောင်​ ​လှုံ့​ဆော်​နိုင်​မှု​ ​အား​ကောင်း​လေ​လေ​ဆို​သည့်​ ​အ​ထောက်​အ​ထား​ဖြစ်​ကြောင်း​ ​ဒေါက်​တာ​ဘယ်​ရီ​က​ ​ဆို​သည်​။​ ​အ​မျိုး​သ​မီး​တစ်ဦး​ ​လိင်​စိတ်​ ​အ​ပြင်း​ပြ​ဆုံး​ ​အချိန်​သည်​ ​၁၀​ ​စ​က္ကန့်​မှ​ ​၁၅​ ​စ​က္ကန့်​ကြား​ထိ​ ​ကြာ​တတ်​ပြီး​ ​အ​မျိုး​သား​များ​မှာ​မူ​ ​ပျမ်း​မျှ​ ​၆​ ​စ​က္ကန့်​မျှ​သာ​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here