ကလေးငယ်များကို အပျော်​သဘောဖြင့် လိင်​ဆွဲဆောင်​သိမ်းသွင်းသူ ကျောင်း​ဆရာအား စင်ကာပူရဲ ဖမ်းဆီး

alt

က​လေးငယ်​များ​ကို​​ ​အ​ပျော်​သ​ဘော​ဖြင့်​​ ​လိင်​ဆွဲ​ဆောင်​ ​သိမ်း​သွင်း​သူ​ ​ကျောင်း​ဆ​ရာ​တစ်ဦး​အား​ ​စ​င်္ကာ​ပူ​ ​ရဲ​တပ်​ဖွဲ့​က​ ​ဖမ်း​ဆီး​ခဲ့​သည်​။​ ​အ​သက်​ ​၃၃​ ​နှစ်​အ​ရွယ်​ ​ချောက်​ဆွန်​ဆန်း​သည်​ ​ဆယ်​ကျော်​သက်​ ​ယောက်ျား​လေးနှစ်ဦး​အား ​လိင်​ပိုင်း​ဆိုင်​ရာ​ ​ဖြား​ယောင်​သွေး​ဆောင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ချောက်​သည်​ Online ​မှ​တ​ဆင့်​ ​က​လေးငယ်​များ​အား​ ​ခြေ​ရာ​ခံ​ကာ​ ​အ​သက်​ ​၁၃​ ​နှစ်​အ​ရွယ်​ ​လူငယ်​နှစ်ဦး​အား​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​သွေး​ဆောင်​သော​ Message ​များ​ ​ပေး​ပို့​ခဲ့​သည်​။​ ​ချောက်​သည်​ ​ယင်း​အ​တွက်​ ၎င်း​၏​ ​သ​ရုပ်​မှန်​ကို​ ​ဖုံး​ဖိ​ကာ​ ​ကျောင်း​သား​လေး​ ​တစ်ဦး​အ​သွင်​ ​ဟန်​ဆောင်​ထား​သည်​။​ ​သို့​သော်​လည်း​ Message ​ကို​ ​လက်​ခံ​ရ​ရှိ​သူ​ ​တစ်ဦး​က​ ​လူ​စိမ်း​တစ်ဦး​စီ​မှ​ ​ညစ်​ညမ်း​သော​စာ​များ​ ​ရောက်​ရှိ​လာ​သည့်​အ​တွက်​ ​မိ​ဘ​များအား​ ​တိုင်​ကြား​ရာ​မှ​ ​ရဲ​များ​က​ Message ​ပေး​ပို့​သူ​ကို​ ​ခြေ​ရာ​ခံ​ခဲ့​ခြင်း​ဖြစ်​သည်​။

​ရဲ​များ​က​ ​ဂျွန်​ဟု​ (​အ​မည်​မှန်​မ​ဟုတ်)​ ​ဖော်​ပြ​သော​ ​လူငယ်​က​ ၎င်း​ထံ​ရောက်​နေ​သည့်​ Message ​ကို​ မိ​ဘ​များ​အား​ ​ပြ​သ​ခဲ့​ရာ​ ​ညစ်​ညမ်း​ရုပ်​ရှင်​များ​ ​အ​တူ​ကြည့်​ပြီး​ ​လက်​ဖြင့်​လိင်​စိတ်​အ​တူ​ဖြေ​ရန်​ ​ကမ်း​လှမ်း​မှု​များ​ ​ပါ​ရှိ​နေ​သည်​။​ ​အ​ခြား​သော​ ​က​လေး​တစ်ဦး​ဖြစ်​ပြီး​ ​မိုက်​ဟု​သာ​ ​အ​မည်​ဖော်​ပြ​သော​ ​ဂျွန်​၏​အ​တန်း​ဖော်​ ​ချာ​တိတ်​ထံ​သို့​လည်း​ ​အ​လား​တူ​ Message ​များ​ ​ရောက်​လာ​ချိန်​တွင်​ ​လက်​သည်​မှာ​ ​ကျောင်း​နှင့်​ဆက်​စပ်​နေ​ကြောင်း​ ​သိ​ရှိ​လာ​သည်​။​ ​နောက်​ပိုင်း​တွင်​ ​ခြေ​ရာ​ခံ​ ​ဖော်​ထုတ်​မှု​များ​အ​ရ​ ​ချောက်​အား​ ​ဖမ်း​ဆီးနိုင်​ခဲ့​သည်​။​ ၎င်း​သည်​ ​​လက်​ရှိ​တွင်​ ​စ​င်္ကာ​ပူ​ဒေါ်​လာ​ ​နှစ်​သောင်း​ဖြင့်​ ​အာ​မ​ခံ​ရ​ရန်​ ​အ​ယူ​ခံ​ဝင်​ထား​သည်​။​ ​

ချောက်​က​ ​ယင်း​လုပ်​ရပ်​ကို​ ​အ​ပျော်​သ​ဘော​ ​ဖန်​တီး​ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း​၊​ ​လက်​တွေ့​အား​ဖြင့်​ ​က​လေး​များ​အား​ ​စု​ရုံး​သိမ်း​သွင်း​ရန်​ ​အ​ကြံ​မ​ရှိ​ကြောင်း​ ​ရဲ​များ​ထံ​ ​ထွက်​ဆို​ခဲ့​သည်​။​ ​ချောက်​သည်​ ​ထို​ကျောင်း​တွင်​ ​၆​ ​နှစ်​ကြာ​အောင်​ ​တာ​ဝန်​ထမ်း​ဆောင်​နေ​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​အ​လုပ်​ထုတ်​ခံ​လိုက်​ရ​သည်​။​ ၎င်း​သည်​ ​ထောင်​ဒဏ်​ ​၂​ ​နှစ်​ထိ​ ​ကျ​ခံ​ရ​ဖွယ်​ ​ရှိ​သ​လို​ ​စွဲ​ချက်​နှစ်​ခု​အ​တွက်​ ​တစ်​ခု​လျင်​ ​စ​င်္ကာ​ပူ​ဒေါ်​လာ​ ​၅၀၀၀​ ​မျှ​စီ​ ​ဒဏ်​ကြေး​ပေး​ဆောင်​ရ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here