​​စ​ပိန်​လူ​ရမ်း​ကား​​ ​ပစ်​ခတ်​မှု​ကြောင့်​​ ​လူ​လေးဦး​သေ​ဆုံး

alt

စပိန်နိုင်ငံတွင် လူတစ်ဦး ရမ်းကား​ပစ်ခတ်မှုကြောင့် လူ​လေးဦး သေဆုံး​သွားကြောင်း သိရသည်။ စပိန်ရဲတပ်ဖွဲ့က နိုင်ငံ​အရှေ့မြောက်ပိုင်း မြို့တစ်မြို့​ဖြစ်သော အိုလော့တွင် လူတစ်ဦးသည် အရက်ဆိုင်မှ ထွက်လာပြီး ပစ်ခတ်ခဲ့ခြင်းြ​ဖစ်ကြောင်း ပြောကြား​သွားသည်။

Shotgun တစ်လက်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့သည်။ အရက်ဘားမှ ထွက်လာသော လူသတ်​သမားသည် လမ်းပေါ်ရှိ လူနှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် အနီးရှိ ဘဏ်တစ်ခုထဲ ဝင်သွားကာ အမှုထမ်း နှစ်ဦးကို ထပ်မံ​ပစ်သတ်ခဲ့ကြောင်း သတင်းများကဆိုသည်။

လာဗန်ဂွာဒီယာ သတင်းစာက ရဲတပ်ဖွဲ့သည် အဆိုပါ လူသတ်သမားမှာ အကြွေးမပေးနိုင်သဖြင့် ဘဏ်က အိမ်​သိမ်းယူသွားမှုကို ခံထားရသူ​​တစ်ဦး​ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြ​ထားသည်။ ရဲတပ်ဖွဲ့သည် ယခုအခါ လူသတ်​သမားအား ဖမ်းဆီး​ထားပြ​ီဖြစ်သည်။ ၎င်းပထမဆုံး ပစ်သတ်ခဲ့သူ နှစ်ဦးမှာ အရက်ဆိုင်နားမှ ဖြတ်သွားသည့် ဆောက်လုပ်ရေး မန်နေဂျာ​တစ်ဦးနှင့် သားတို့ဖြစ်ကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့သည် ဖြစ်စဥ်အသေးစိတ်နှင့် ပတ်သက်ပြီး မှတ်ချက်​မပေးသေးချေ။ အိုလော့မြို့တော်ဝန် လူးဝစ် ဆားကရက်က ဒေသခံ ရေဒီယို RAC-1 သို့ ပြောကြား​ခဲ့ရာတွင် လူသတ်မှု၏ နောက်ကွယ်မှ အကြောင်းရင်း​တစ်ခုအဖြစ် ငွေကြေး​အကြပ်အတည်းကို ထည့်သွင်း​ဖော်ပြသွားသော်လည်း အသေးစိတ် ပြောဆို​ရန်မူ ငြင်းပယ်​သွားသည်။

ရဲတပ်ဖွဲ့က လူသတ်​သမားမှာ အသက် ၅၇ နှစ်အရွယ် စပိန်​နိုင်ငံသား တစ်ဦး​ဖြစ်ပြီး အမည်ကို ပီရေးဟုသာ အတို​ဖော်ပြ​ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here