Microsoft ဂိမ်းအား Hack လုပ်ထားသည့် ကာမရာဂ နှိုးဆွသည့် ဂိမ်းတီထွင်

alt

Microsoft​မှ​ ​ထုတ်​လုပ်​သည့်​​ ​နာ​မည်​ကျော်​ ​ဂိမ်း​အ​မျိုး​အ​စား​​ Kinect​ ကို​ Hack​ လုပ်​ကာ​ ​လိင်​ဆိုင်​ရာ​​ Pornography​ ​ရုပ်​ရှင်​တစ်​ခု​အ​ဖြစ်​ ထွက်​ပေါ်​လာ​ခဲ့​သည်​။​ ​အာ​ရုံ​ခံ​စ​နစ်​ဖြင့်​ ​ဆော့​က​စား​ရ​သည့်​ Kinect​ ကို​ ​တီ​ထွင်​ခဲ့​မှု​သည်​

Microsoft ​၏​ ​ဂိမ်း​ဆိုင်​ရာ​ ​ထိုး​ထွင်း​တီ​ထွင်​မှု​ ​အ​မြင့်​မား​ဆုံး​ ​လုပ်​ဆောင်​ချက်​ ​တစ်​ခု​အ​ဖြစ်​ ​ချီး​ကျူး​ခံ​နေ​ရ​သည်​။​ ​သို့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ဩ​စ​တြီး​ယား​ ​နိုင်ငံ​ရှိ​ ​ကု​မ္ပ​ဏီ​တစ်​ခု​မှ​ Hacker​ များ​သည်​ ​ဂိမ်း​တစ်​ခု​ကို​ ​ဖန်​တီး​လိုက်​ရာ​ ​ယင်း​သည်​ Kinect​ ကို​ ​အ​ခြေ​ခံ​ကာ​ ​ကာ​မ​ရာ​ဂ​ ​နှိုး​ဆွ​သော​ ​ဂိမ်း​အ​မျိုး​အ​စား​ ​ဖြစ်​လာသည်​။​

​အ​နီ​အောက်​ရောင်​ခြည်​သုံး​ ​အာ​ရုံ​ခံ​စ​နစ်​သည်​ Screen ​တွင်​ ​ပေါ်​နေ​သော​ ​အ​မျိုး​သ​မီး​၏​ ​ခ​န္ဓာ​ကိုယ်​ ​အ​စိတ်​အ​ပိုင်း​ ​၂၀​ ​မျှ​ကို​ ​ထိ​တွေ့​စေ​ကာ​ ​လိင်​စိတ်​နှိုး​ဆွ​ပေး​ရ​သည့်​အ​သွင်​ ​က​စား​ရ​မည်​ဖြစ်​သည်​။​ ThriXXX အ​မည်​ရှိ​ ​ကု​မ္ပ​ဏီ​မှ​ ​မိတ်​ဆက်​ပြ​ခဲ့​သော​ ​ဂိမ်း​သည်​ ​ဆော့​က​စား​သူ​၏​ ​လက်​အ​ရွှေ့​အ​ပြောင်း​ကို​ ​အာ​ရုံ​ခံ​ ​သိ​ရှိ​ကာ​ ​အ​ပွတ်​အ​သပ်​ ​အ​ရွေ့​အ​လျား​အ​လိုက်​ Screen​ ပေါ်​မှ​ ​အ​မျိုး​သ​မီး​ရုပ်​က​ ​လူး​လွန့်​တုန့်​ပြန်​နေ​မည်​ဖြစ်​သည်​။​

​ဂိမ်း​ကို​ ​အ​ပြီး​သတ်​ရေး​ဆွဲ​နေ​ဆဲ​ဖြစ်​ပြီး​ ​အ​မျိုး​သား​ ​ပ​ရိ​သတ်​အ​တွက်​ ​ရည်​ရွယ်​ကြောင်း​ ​သ​ရုပ်​ပြ​ပွဲ​တွင်​ ​ဂိမ်း​တီ​ထွင်​သူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ThriXXX​ သည်​ ​နာ​မည်​ကျော်​ ​လိင်​လှုံ့​ဆော်​မှု​ ​ဂိမ်း​များ​ဖြစ်​သည့်​ 3D​ Sexvilla​၊​ Fetish3D​၊​ 3DLesbian ​စ​သည်​တို့​ကို​ ​ထုတ်​လုပ်​ရောင်း​ချ​ခဲ့​သည်​။​ ​ယ​ခု​ Kinect​ အ​ခြေ​ခံ​ ​ဂိမ်း​နှင့်​ပတ်​သက်​ပြီး​ YouTube​ ဝက်​ဆိုက်​တွင်​ ​သ​ရုပ်​ပြ​ ​ဗီ​ဒီ​ယို​ ​လွှင့်​တင်​ခဲ့​ပြီး​ ​လာ​မည့်​နှစ်​ ​ဧ​ပြီ​လ​တွင်​ Download ​ပြု​လုပ်​ ​ရောင်း​ချ​သွား​မည်​ဟု​ ThriXXX​ က​ ​ကြေ​ညာ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here