ရာသီဥတုနှင့် မတော်တဆမှုကြောင့် တရုတ်​မင်းသား​ချောင်ယွင်ဖတ် နာရီ ၂၀ ကျော်ကြာ လမ်းပိတ်​မိခဲ့

alt

ရာ​သီဥ​တု​​ ​ဆိုး​ရွား​မှု​နှင့်​​ ​မ​တော်​တ​ဆ​ ​ဖြစ်​စဥ်​တစ်​ခု​ကြောင့်​​ ​နာ​မည်​ကျော်​ ​တ​ရုတ်​မင်း​သား​​ ​ချောင်​ယွင်​ဖတ်​မှာ​​ ​နာ​ရီ​ပေါင်း​ ​၂၀​ ​ကြာ​မျှ​ ​လမ်း​ပေါ်​ပိတ်​မိ​နေ​ခဲ့​ကြောင်း​ ​သိ​ရသည်​။​

​ချောင်​သည်​ ​ဟန်​ဇူး​တွင်​ ​ရိုက်​ကူး​မှု​ ​တစ်​ခု​အ​တွက် ​ဟန်​ဒီ​အန်း​သို့​ ​အ​သွား​တွင်​ လမ်း​ပေါ်​ပိတ်​မိ​နေ​ခြင်း​ဖြစ်​သည်​။​ ​လေ​ဆိပ်​မှ​ ​ရိုက်​ကွင်း​သို့​ ​သ​မား​ရိုး​ကျ​ ​ကား​မောင်းချိန်​သည်​ ​၃​ ​နာ​ရီ​ဝန်း​ကျင်​သာ​ ​ရှိ​သော်​လည်း​ ​ချောင်​မှာ​ ​နှင်း​မုန်​တိုင်း​ ​တိုက်​မိ​ပြီး​ ​မ​တော်​တ​ဆ​မှု​ ​တစ်​ခု​ကြောင့်​ ​လမ်း​ပိတ်​နေ​သည်​နှင့်​ကြံု​ကာ​ ​နာ​ရီ​ ​၂၀​ ​ကျော်​ ​ကြာ​မြင့်သွား​ခြင်း​ဖြစ်​သည်​။​

​ဒီ​ဇင်​ဘာ​ ​၁၄​ ​ရက်​နေ့​က​ ​ချောင်​နှင့်​ ​ဇ​နီး​တို့​သည်​ ​ဟန်​ဇူး​မှ​ ​ထွက်​ခွာ​ကာ​ The​ Founding​ of​ a​ Party​ ​ဇာတ်​ကား​ ​ရိုက်​ကွင်း​သို့​ ​သွား​ရောက်​ခြင်း​ဖြစ်​သည်​။​ ​ချောင်​သည်​ ​နောက်​တစ်​နေ့​ ​နံ​နက်​ ​၇​ ​နာ​ရီ​မှ​ ​ရိုက်​ကွင်း​နေ​ရာ​သို့​ ​ရောက်​လာ​နိုင်​သည်​။​ ​ချောင်​က​ ​ဆိုး​ရွား​သော​ ​ရာ​သီဥ​တု​အ​တွင်း​ ​လမ်း​ပိတ်​မိ​နေ​သော်​လည်း​ ​အ​ပင်​ပန်း​ခံ​ကာ​ ​လမ်း​ရှင်း​ပေး​ပြီး​ ​မိ​မိ​တို့​ကား​များ​ ​ပြန်​ထွက်​လာ​နိုင်​အောင်​ ​ကြိုး​ပမ်း​ပေး​ခဲ့​သည့်​ ​တာ​ဝန်​ရှိ​သူ​များ​အား​ ​ကျေး​ဇူး​တင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ချောင်​သည်​ ​ဟန်​ဒီ​အန်း​တွင်​ ​ရက်​အ​နည်းငယ်​ ​ဆက်​နေ​ပြီး​နောက်​ The​ Monkey​ King ​ဇာတ်​ကား​ကို​ ​လက်​ခံ​ရိုက်​ကူး​ရန်​ ​ဘေ​ဂျင်း​သို့​ ​ပြန်​သွား​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here