​​​ခရစ္စမတ်ကာလ အလည်အပတ်ခရီးအတွက် ဂျိုလီမိသားစု နိုင်ငံရွေးချယ်နေ

alt

ခ​ရစ်​စ​မတ်​ကာ​လ​တွင်​​ ​မည်​သည့်​နိုင်ငံ​သို့​​ ​သွား​ရောက်​မည်​ဆို​သော​ ​ကိ​စ္စ​အား​ Random​ စ​နစ်​ဖြင့်​ အ​လျဥ်းသင့်​သ​လို​ ​ရွေး​ချယ်​သွား​မည်​ဟု​ ​ဘ​ရတ်​ပစ်​နှင့်​ ​အိန်​ဂျယ်​လီ​နာ​ဂျို​လီ​တို့​က​ ​ပြော​ကြား​လိုက်​သည်​။​ ​

အ​သက်​ ​၄၆​ ​နှစ်​အ​ရွယ်​ ​မင်း​သား​နှင့်​ ​၃၅​ ​နှစ်​အ​ရွယ်​ မင်း​သ​မီး​တို့​သည်​ ​သားသ​မီး​ ​၆​ ဦး​နှင့်​အ​တူ​ ​ခ​ရ​စ္စ​မတ်​ ​အား​လပ်​ရက်​တွင်​ ​ခ​ရီး​ထွက်​ရန်​ ​စီ​စဥ်​ထား​သော်​လည်း​ ဦး​တည်​မည့်​ ​နိုင်ငံ​ကို​ ​ယ​ခု​တိုင်​ ​မ​ရွေး​ချယ်​ရ​သေး​ချေ​။​ ​သို့​သော်​လည်း​ ​ရိုင်​ယန်​ဆီး​ခါ​ရက်​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​သူ​မ​တို့​မိ​သား​စု​အ​နေ​နှင့်​ ​က​မ္ဘာ့​နိုင်ငံ​အ​ချို့​သို့​ Random​ စ​နစ်​ဖြင့်​ ​ရွှေ့​ပြောင်း​သွား​လာ​ရန်​ ​ရည်​ရွယ်​ထား​ကြောင်း​၊​ ​ယင်း​သည်​ ​သ​တင်း​မု​ဆိုး​ ပါ​ပါ​ရာ​ဇီ​များ​ကို​ ​ပို​မို​ရှောင်​တိမ်း​နိုင်​မည်​ထင်​ကြောင်း​ ​ဂျို​လီ​က​ ​ပြော​ဆို​သွား​သည်​။​

The​ Tourist​ ​ဇာတ်​ကား​ကို​ ​နာ​မည်​ကျော်​ ​ဟော​လီး​ဝုဒ်​မင်း​သား​ ​ဂျွန်​နီ​ဒပ်​နှင့်​အ​တူ​ ​သ​ရုပ်​ဆောင်​ထား​သော​ ​မင်း​သ​မီး​က​ ​သူ​မ​သည်​ ​လက်​တ​လော​တွင်​ ​ခ​ရစ်​စ​မတ်​ကာ​လ​အ​တွင်း​ ​မိ​သား​စု​အ​လိုက်​ ​ခ​ရီး​သွား​ရန်​ ​အ​ဆင်​ပြေ​မည့်​ ​နေ​ရာ​များ​ကို​ ​ရွေး​ချယ်​နေ​ဆဲ​ဖြစ်​ကြောင်း​၊​ ​မည်​သည့်​နိုင်ငံ​များ​သို့​ ​သွား​ဖြစ်​မည်​ကို​မူ​ ​မ​ကြာ​မီ​ဆုံး​ဖြတ်​နိုင်​မည်​ထင်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here