အ​မေ​ရိ​ကန်​ပြည်နယ်​အုပ်​ချုပ်​ရေး​မှူး​​ ​မြောက်​ကို​ရီး​ယား​သို့​​ ​တ​ရား​ဝင်​​ ​အ​လည်​အပတ်​သွား​ခဲ့​

alt

အမေရိကန်မှ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးသည် မြောက်ကိုရီးယားသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ခဲ့ကြောင်း သိရသည်။ နယူးမက္ကစီကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီရစ်ချက်ဆင်က

မြောက်ကိုရီးယားသို့ သွားရောက်သော ခရီးစဥ်သည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော တင်းမာမှုများကို လျော့ကျစေရန် မျှော်လင့်ခဲ့​ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော်ဖြစ်သော ပြံုယမ်းသို့ ရောက်ရှိလာစဥ် ရစ်ချက်ဆင်က လေယာဥ်ပေါ်မှအဆင်း သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ မိမိ၏ ရည်ရွယ်ချက်သည် ကိုရီးယား နှစ်နိုင်ငံကြားမှ အကြိတ်အခဲကို တတ်စွမ်းသ၍ ဖြေရှင်းရန်သာဖြစ်ကြောင်း ပြောဆိုသွားသည်။ ၎င်း၏ ခရီးစဥ်အတွင်း မည်သည့်မြောက်ကိုရီးယား အရာရှိများနှင့် တွေ့ဆုံမည်ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ရစ်ချက်ဆန်သည် ယခင်ကလည်း မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ဖူးသော်လည်း ယခုခရီးစဥ်သည် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ အဆိုးရွားဆုံး အချိန်လည်းဖြစ်သည်။

တောင်ကိုရီးယားသည် မကြာမီ ရက်ပိုင်းအတွင်း စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဟု ကြေညာထားရာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုဆိုးရွားသွားစေဖွယ် ရှိနေကြောင်းလည်း အမေရိကန် စစ်ဖက်မှ လေ့လာသူများက သုံးသပ်ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here