တစ်​နှစ်​တာ​​အ​ကျော်​ကြား​ဆုံး​​ပုဂ္ဂိုလ်​အ​ဖြစ်​ ​မတ်​ဇူ​ကာ​ဘက်​အား​ Time​ ​မဂ္ဂဇင်း​ရွေး​ချယ်

alt

Time မဂ္ဂဇင်းက ယခုနှစ်၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်​အဖြစ် Facebook ဝက်ဆိုက်မှ CEO ဖြစ်သူ မတ်ဇူကာဘက်ကို ရွေးချယ်လိုက်သည်။ အသက် ၂၆ နှစ်ရှိ ဇူကာဘက်သည် Time က နှစ်စဥ်​ရွေးချယ်သည့် တစ်နှစ်တာ​အတွက်

အကျော်ကြားဆုံး လူ​ပုဂ္ဂိုလ်များတွင် ဒုတိယ အသက်​အငယ်ဆုံး ဖြစ်လာသည်။

ကမ္ဘာပေါ်တွင် ပုံမှန်​သုံးစွဲသူ ငါးသန်း​နီးပါး ရှိလာပြီ​ဖြစ်သည့် ဝက်ဆိုက်ကြီး​၏ ပဲ့ကိုင်ရှင်သည် Wikileaks ဝက်ဆိုက် တည်ထောင်သူ ဂျူလီယန်​အက်ဆန်းနှင့် အကြိတ်​အနယ် ဖြစ်ခဲ့​ပြီးနောက် အယ်ဒီတာ​အဖွဲ့က ဇူကာဘက်ကို အပြီးသတ် ရွေးချယ်​ခဲ့သည်။ အက်ဆန်းသည် နိုင်ငံတကာ အစိုးရ ထောက်လှမ်းရေး​နှင့် သံတမန်​ရေးရာများကို Wikileaks မှတဆင့် ဖွင့်ချ​ခဲ့ပြီးနောက် ယခုနှစ်​အတွင်း အကြီးအကျယ် လူသိများ​လာခဲ့သည်။

Times ၏ ဆန်ခါတင်​စာရင်းတွင် အာဖဂန်နစ္စတန် သမ္မတ ဟာမစ်​ကာဇိုင်းကဲ့သို့ ပုဂ္ဂိုလ်များ​လည်း ပါဝင်သည်။ ဇူကာဘက်သည် Time မဂ္ဂဇင်း၏ တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်စာရင်းကို စတင်ဖော်ပြသည့် ၁၉၂၇ ခုနှစ်က ရွေးချယ်ခံရသည့် ချားလင်းဘတ်​နောက်ပိုင်း အသက်​အငယ်ဆုံး ဖြစ်လာသည်။

Facebook ဝက်ဆိုက်သည် လူအများ​အပေါ် လွှမ်းမိုးနိုင်မှု တစထက်တစ ကျယ်ပြန့်​လာသလို ဇူကာဘက်ကို လေးစား​အားကျသူများစွာ ရှိလာကြောင်း၊ ၎င်းသည် လူသားများ​အတွက် ခင်မင်ရင်းနှီးမှုနှင့် မိတ်ဆွေစစ်၏ တန်ဖိုးကို သွန်သင်​ပြသ​ပေးနိုင်ခဲ့သည့် ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်ကြောင်း Time မဂ္ဂဇင်း အယ်ဒီတာ​အဖွဲ့က ချီးကျူး​ဖော်ပြ​သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here