​နှစ်​နိုင်ငံ​နယ်​န​မိတ်​ရေ​ပြင်​တွင်​​ ​တောင်​ကို​ရီး​ယား​က​​ ​စစ်​ရေး​လေ့​ကျင့်​မှု​​ ​ထပ်​မံ​ပြု​လုပ်​

alt

တောင်ကိုရီးယား နိုင်ငံက နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်နေသော နယ်နိမိတ် ရေပြင်တွင် နောက်ထပ်​စစ်ရေး​လေ့ကျင့်မှုများ ပြုလုပ်​သွားမည်ဟု ပြောကြား​လိုက်သည်။

မြောက်ကိုရီးယား၏ ရန်စ​ပစ်ခတ်မှုကြောင့် နှစ်နိုင်ငံ တင်းမာမှု အမြင့်မားဆုံး ဖြစ်နေရာ နယ်နိမိတ်ဒေသ ပင်လယ်ဝါတွင် နောက်ထပ်​ရက်ပိုင်း​​အတွင်း လက်နက်ကြီး စမ်းသပ်​ပစ်ခတ်မှုများ ပြုလုပ်​သွားမည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားပိုင် ကျွန်းတစ်ခုပေါ် မြောက်ကိုရီးယား လက်နက်ကျည်ဆံများ ကျရောက်​​ပေါက်ကွဲမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆိုးရွားဆုံး ဖြစ်လာစေခဲ့သည်။ မြောက်ကိုရီးယားသည် ယွန်ပြောင်းတွင် ပြီးခဲ့သည့် သီတင်းပါတ်က အင်အား​ပြသည့်​အနေနှင့် လက်နက်ကြီး စမ်းသပ်​ပစ်ခတ်မှုများ ပြုလုပ်​ခဲ့သေးသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ကြား တစ်ရက်ရက်တွင် လက်နက်ကြီး စမ်းသပ်မှုများ ပြုလုပ်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေး​ဝန်ကြီး​ဌာန အကြီးတန်း အရာရှိ အချို့ကဆိုသည်။ အမေရိကန်​အစိုးရက ၎င်းတို့သည် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်း​ပါဝင်​သွားမည်​ဖြစ်ကြောင်း ကြေညာ​ထားပြီး​ဖြစ်သည်။ သို့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုသည် ပူးတွဲလေ့ကျင့်မှုသာဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်​နေခြင်း​ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း အမေရိကန် အစိုးရ ပြောရေး​ဆိုခွင့်ရ အရာရှိ ပီဂျေကရိုဝဲက သတင်းထောက်များအား ပြောဆို​သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here