​ရု​ရှားဝန်​ကြီး​ချုပ်​ပူ​တင်​၏​​ ​အ​ပျော်​မ​ယား​​ ​အ​မျိုး​သ​မီး​ Vogue​​ ​မျက်​နှာ​ဖုံး​ရှင်​ဖြစ်​လာ

alt

ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင်၏ အပျော်မယား​အဖြစ် သတင်းကြီး​နေသော အလီနာ ကာဘာယီဗာသည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ​လ​ထုတ် Vogue မဂ္ဂဇင်းအတွက် မျက်နှာဖုံး​ဓာတ်ပုံ အရိုက်ခံခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ် ရှိပြီဖြစ်သည့် အိုလံပစ် ပြိုင်ပွဲဝင် ရုရှားအားကစားမယ်ဟောင်းသည် ဆွဲဆောင်မှု ပြည့်ဝသော ဓာတ်ပုံများ အရိုက်ခံကာ ရုရှား Version ဖြစ်သည့် Vogue အတွက် မျက်နှာဖုံးကဏ္ဍအတွက် ကူညီပေးခဲ့ကြောင်း အယ်ဒီတာအဖွဲ့က အတည်ပြုခဲ့သည်။ မဂ္ဂဇင်း၏ အယ်ဒီတာသစ် ဗစ်တိုးရီးယား ဒါဗီဒိုဗာ၏ တောင်းဆိုမှုအတွက် ကာဘာယီဗာက လိုက်လျောခဲ့ခြင်းဟုဆိုသည်။

ပူတင်သည် ကာဘာယီဗာနှင့် လူသိရှင်ကြား ဇာတ်လမ်းဖြစ်နေသော်လည်း ယခုနှစ်အတွင်း ဇနီးဖြစ်သူ လူဒါမီလာနှင့် ကွာရှင်းခဲ့ခြင်းသည် ကာဘာယီဗာကြောင့်ဆိုသော စွပ်စွဲချက်များအား ငြင်းဆန်ထားသည်။ အသက် ၅၈ နှစ်ရှိ ဝန်ကြီးချုပ်နှင့် နာမည်ကျော် အားကစား အလှမယ်တို့၏ သတင်းသည် ရုရှား၏ လူပြော​အများဆုံး အတင်းအဖျင်း​ကိစ္စ​အဖြစ်လည်း တည်ရှိ​​နေဆဲ​ဖြစ်သည်။

၂၀၀၈ ခုနှစ်က ရုရှားသတင်းစာ တစ်စောင်က ထိုကိစ္စကို အနံ့ခံမိခဲ့ပြီးနောက်ပိုင်း ယင်းသည် ကျယ်ကျယ်လောင်လောင် သတင်းကြီးလာခဲ့သည်။ ပူတင်သည် လူဒါမီလာနှင့် ၁၉၈၃ ခုနှစ်က လက်ထပ်ခဲ့သည်။ ထိုနှစ်သည် ကာဘာယီဗာ ဖွားမြင်သည့် နှစ်လည်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here