ပ​လတ်​စ​တစ်​ဆာ​ဂျ​ရီ​ပြု​လု​ရန်​​ ​မ​လို​အပ်​တော့​ဟု​​ ​ပင်​မ​လာ​​အန်​ဒါ​ဆင်​ပြော​ကြား

alt

ပင်မလာ အင်ဒါဆင်က နောက်ထပ် ပလပ်စတစ်​ဆာဂျရီ ခွဲစိတ်​​ပြုပြင်မှုများ မလုပ်​လိုတော့ကြောင်း ပြောကြား​​သွားသည်။ Baywatch စတား မင်းသမီးသည် သူမ၏ အနုပညာ အလုပ်​အတွက် ခွဲစိတ်​အလှပြင်မှု​အချို့ ခံယူ​ခဲ့ဖူးသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ပင်မလာက သူမသည် ကိုယ့်​ကိုယ်ကိုယ် ဂန္တဝင်တွင်မည့် မိန်းမလှ​တစ်ဦး​အဖြစ် မည်သည့်​အခါမျှ မခံစားရဖူးကြောင်းနှင့် အသက်​ရလာခြင်းကို ကာကွယ်ရန် ခွဲစိတ်မှုများ ပြုလုပ်​ခဲ့ကြောင်း ပြောကြား​ခဲ့သည်။ သို့သော်လည်း ယခုအခါ ပလပ်စတစ် ဆာဂျရီ နောက်ထပ်​မလုပ်တော့သလို အရှိ​အတိုင်း လွတ်လပ်​ပျော်ရွှင်စွာ နေထိုင်​သွားမည်ဟု ပင်မလာက​ဆိုသည်။

သူမက မျက်နှာတွင် အရေး​အကြောင်းများ ထင်လာခြင်း​ကို မည်သူမျှ ဝမ်းသာ​နေမည် မဟုတ်ကြောင်း၊ သို့သော်လည်း ခွဲစိတ်ခန်း​သုံးဓားကို နောက်တစ်ကြိမ် မမြင်ချင်တော့ကြောင်း ဖွင့်ဟ​ခဲ့သည်။ ယခု​အချိန်တွင် သူမ​အတွက် အလှအပထက် မိသားစု​ဘဝက အရေး​ပိုကြီးလာပြီး သားများနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားမည်ဟု ပင်မလာက​ဆိုသည်။ သူမတွင် အသက် ၁၄ နှစ်အရွယ် ဘရန်ဒန်နှင့် ၁၂ နှစ်အရွယ် ဒိုင်လင်ဆိုသော သားနှစ်ဦး​ရှိနေသည်။

ပင်မလာက သူမသည် သရုပ်ဆောင် သက်တမ်းတလျှောက် ညှို့အားပြင်းပြင်း အမျိုးသမီးတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ထူထောင်ခဲ့ရခြင်းကို ငြီးငွေ့နေပြီဖြစ်ကြောင်း၊ ယခုအခါ လူတစ်ဦး၏ သာမန်ဘဝ လွတ်လပ်မှုမျိုးက ပိုမိုတန်ဖိုးရှိသည်ဟု ခံစားမိကြောင်း မှတ်ချက်ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here