Dual-Core​ Processor​ ​သုံး​ ​ပ​ထ​မ​ဆုံး​မို​ဘိုင်း​ဖုန်း​ LG​ ​မိတ်​ဆက်​ပြ​သ

alt

Dual-Core Processor ကို အသုံးပြုထားသည့် ပထမဆုံး မိုဘိုင်းဖုန်းကို LG က မိတ်ဆက်​ပေးလိုက်သည်။ Optimus 2X သည် Coreနှစ်ခု ပါဝင်သည့် Processor ကို အသုံးပြုထားရာ မြန်နှုန်း​​ပိုမို မြင့်မားလာမည်​ဖြစ်သည်။

LG က Optimus 2X သည် ၂၀၁၁ ခုနှစ် မိုဘိုင်းဖုန်း ထုတ်ကုန်များတွင် ထူးခြား​ကောင်းမွန်သည့် ခြေလှမ်းသစ်​တစ်ရပ် ဖြစ်လာမည်ဟု ပြောကြား​သွားသည်။ အဆိုပါ ဖုန်းတွင် 1GHz Processor၊ Nvidia ၏ Tegra 2 ချစ်ပ်တို့ကို ထည့်သွင်း​တည်ဆောက်​ထားသည်။ ၄ လက်မ​အရွယ် Display ပါဝင်သော ဖုန်းသည် ဂိမ်းများ​​ကစားခြင်း၊ HD ဗီဒီယိုများ ကြည့်ရှုခြင်း​တို့ကို အကောင်းဆုံး လုပ်ဆောင်​နိုင်မည်ဟု LG အီလက်ထရောနစ် မိုဘိုင်းဌာနမှ CEO ဖြစ်သူ ဂျွန်ဆွတ်ပက်က ပြောကြားသွားသည်။ တောင်​ကိုရီးယား အခြေစိုက် ကုမ္ပဏီကြီး၏ မိုဘိုင်းဖုန်းသည် ပထမဆုံး Dual-Core Processor သုံး ဖုန်းဖြစ်လာမည်ဟု ဆိုသော်လည်း ယင်းစိတ်ကူးကို အခြားသော ကုမ္ပဏီများကပါ စိတ်ကူးထားပြီးဖြစ်သည်။

ယခုလ အစောပိုင်းက Texas Instruments သည် ဖုန်းအတွင်း အသုံးပြုမည့် 1.5GHz Dual-Core ချစ်ပ်နှင့် ပတ်သက်သော အချက်အလက်များကို ဖော်ပြခဲ့သေးသည်။ Optimus 2X သည် Onboard Memory အနေနှင့် 8GB ပါရှိမည်ဖြစ်ပြီး 32 GB ထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ 8 Megapixel ကင်မရာတစ်လုံးနှင့် ဖုန်း၏ ရှေ့ပိုင်းတွင် ဗီဒီယို Chatအတွက် ကင်မရာနောက်တစ်လုံး ပါရှိမည်ဟု သိရသည်။

OS အနေနှင့် Google ၏ Android 2.2ကို သုံးစွဲထားပြီး လှုပ်ရှားမှုဖြင့် ထိန်းသိမ်းရသည့် ဂိမ်းများကစားရန် Accelerometer နှင့် Gyroscope များ ထည့်သွင်းတပ်ဆင်ပေးထားသည်။ LGသည် Optimus 2X အား တောင်ကိုရီးယားတွင် ဇန်နဝါရီလအတွင်း ရောင်းချသွားမည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်နှင့် အခြားနိုင်ငံများသို့ တင်ပို့မည့်နေ့ကိုမူ ကြေညာခြင်း မရှိသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here