ဂျပန်လူငယ်ကစားသမားတစ်ဦးအား အာဆင်နယ်အသင်း စာချုပ်ခေါ်ယူ

alt

အ​င်္ဂလန်​နိုင်ငံ​​ ​အ​ဆင့်​မြင့်​တန်း​ ​ဘော​လုံး​ပြိုင်​ပွဲ​​ ​ပ​ရီး​မီး​ယား​လိဂ်​မှ​​ ​ထိပ်​သီး​အ​သင်း​ကြီး​​ ​တစ်​သင်း​ဖြစ်​သော​ ​အာ​ဆင်နယ်​သည်​​ ​ဂျ​ပန်​နိုင်ငံ​မှ​ ​လူငယ်​လေး​ ​တစ်ဦး​အား​ ​စာ​ချုပ်​ခေါ်​ယူ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ရိုင်​ယို​မီ​ယိုင်​ချီ​သည်​ ​လန်​ဒန်​အ​ခြေ​စိုက်​ ​က​လပ်​အ​သင်း​သို့​ ​ဇန်​န​ဝါ​ရီ​လ​တွင်​ ​ရောက်​ရှိ​လာ​မည်​ဖြစ်​သည်​။​ ​အာ​ဆင်​နယ်​အ​သင်း​မှ​ ​ပြင်​သစ်​လူ​မျိုး​ ​နည်း​ပြ​ကြီး​ ​အာ​ဆင်​ဝင်​ဂါ​သည်​ ​အ​သက်​ ​၁၈​ ​နှစ်​အ​ရွယ်​ ​က​စား​သ​မား​လေး​အား​ ​စာ​ချုပ်​နိုင်​ခဲ့​သည့်​အ​တွက်​ ​ကျေ​နပ်​ဝမ်း​မြောက်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​မီ​ယိုင်​ချီ​သည်​ ​အ​သ​က်​ ​၁၇​ ​နှစ်​အောက်​ ​ဂျ​ပန်​လက်​ရွေး​စင်​ ​အ​သင်း​တွင်​ ​ထူး​ထူး​ချွန်​ချွန်​ ​ခြေ​စွမ်း​ပြ​ခဲ့​ရာ​မှ​ ​အာ​ဆင်​နယ်​အ​သင်း​ ​သွေး​သစ်​ရှာ​ဖွေ​ရေး​ ​ကင်း​ထောက်​များ​က​ ​မျက်​စိ​ကျ​လာ​ခြင်း​ဖြစ်​သည်​။​

​မီ​ယိုင်​ချီ​သည်​ ​ဂျ​ပန်​၏​ ​အ​ထက်​တန်း​ကျောင်း​ပေါင်း​စုံ​ ​ဘော​လုံး​ပြိုင်​ပွဲ​တွင်​ ​ချူ​ကျို​ဒိုင်​ချိုင်​ကို​ ​အ​ထက်​တန်း​ကျောင်း​ကို​ ​ကိုယ်​စား​ပြု​ ​ယှဥ်​ပြိုင်​ရန်​ ​စီ​စဥ်​နေ​သည်​။​ ​ထို​ပွဲ​အ​ပြီး​တွင်​ ​မီ​ယိုင်​ချီ​သည်​ ​လန်​ဒန်​သို့​ ​သွား​ရောက်​ကာ​ ​က​စား​ဖော်​သစ်​များ​နှင့်​ ​ပူး​ပေါင်း​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here