ဂျူလီယန်​အက်ဆန်းမှာ လျှို့​ဝှက်ချက်များ ဖော်ထုတ်ရာ​တွင်​​သာမက မိန်းမ​ကိစ္စတွင်လည်း ကျွမ်းကျင်သူ​ဖြစ်

alt

အ​မေ​ရိ​ကန်​​ ​အ​စိုး​ရ​ကို​ ​တုန်​လှုပ်​စေ​သူ​၊​​ ​နိုင်ငံ​တ​ကာ​ ​ထောက်​လှမ်း​ရေး​ လျှို့​ဝှက်ကြေးနန်းများကို​ ​ဖော်​ထုတ်​သူ​၊​ ​အင်​တာ​နက်​ ​ပွင့်​လင်း​မှု​ ​လှုပ်​ရှား​သူ​၊​ ​၂၀၁ဝ​ ​ခု​နှစ်​အ​တွင်း​ ​အ​ထင်​ပေါ်​ဆုံး​ ​လူ​သိ​များ​လာ​သူ​ဆို​သော​ ​ဂုဏ်​ပုဒ်​များ​အ​ပြင်​ ​ဂျူ​လီ​ယန်​အက်​ဆန်း​တွင်​ ​နောက်​ထပ်​ထူး​ခြား​သော

​ ​ဝိ​သေ​သ​တစ်​ခု​ ​ရှိ​သေး​သည်​။​ ​

ယင်း​မှာ​ ​အ​သက်​ ​၃၉​ ​နှစ်​ရှိ​ ဩ​စ​တြေး​လျ​သား​သည်​ ​မြာ​စွံ​သူ​တစ်ဦး​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​ Wikileaks​ ဝက်​ဆိုက်​ ​ထူ​ထောင်​သည်​ ​အက်​ဆန်း​သည်​ ​ဆွီ​ဒင်​နိုင်ငံ​၊​ ​စ​တော့​ဟုမ်း​သို့​ ​ရောက်​ရှိ​နေ​စဥ်​က​ ​ဂျာ​နယ်​လစ်​တစ်ဦး​၏​ ​ချစ်​သူ​အား​ ​ယင်း​ဂျာ​နယ်​လစ်​ ​ရှေ့​တွင်​ပင်​ ​သွေး​ဆောင်​ဖြတ်​ခုတ်​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​ဆို​ပါ​ ​ဂျာ​နယ်​လစ်​က​ Daily​ Mail ​သ​တင်း​စာ​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​အက်​ဆန်း​နှင့်​ ​မိ​မိ​တို့​စုံ​တွဲ​ ​အ​တူ​တွေ့​ဆုံ​စဥ်​ ​အက်​ဆန်း​သည်​ ​ပေါ်​ပေါ်​ထင်​ထင်​ပင်​ ​မိ​မိ​၏​ ​ချစ်​သူ​အား​ ​ပိုး​ပန်း​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ထို့​အ​ပြင်​ ​ဆေး​လိပ်​သောက်​ရန်​ဟု​ ​အ​ကြောင်း​ပြ​ကာ​ ​အက်​ဆန်း​ရော​၊​ ​မိန်း​က​လေး​ပါ​ ​စား​သောက်​ဆိုင်​မှ​ ​အ​ပြင်​ဖက်​သို့​ ​ထွက်​သွား​ကြောင်း​၊​ ​၄၅​ ​မိ​နစ်​မျှ​ ​ကြာ​မြင့်​သည်​အ​ထိ​ ​ပြန်​မ​လာ​သ​ဖြင့်​ ​ထွက်​ကြည့်​ရာ​ ​အက်​ဆန်း​နှင့်​ ၎င်း​၏​ချစ်​သူ​မှာ​ ​ပူး​ပူး​ကပ်​ကပ်​ ​ရှိ​နေ​ပြီး​ ​အက်​ဆန်း​က​ ​မိန်း​က​လေး​အား​ ​နား​နား​ကပ်​ပြီး​ ​တိုး​တိုး​ပြော​သည်​ကို​ ​တွေ့​ရ​ကြောင်း​၊​ ​ထို့​အ​ပြင်​ ​ဆိုင်​ဖက်​သို့​ ​ပြန်​လျှောက်​လာ​ရာ​တွင်​လည်း​ ​လက်​ချင်း​ချိတ်​ထား​ကြောင်း​ ​ယင်း​ဂျာ​နယ်​လစ်​က​ဆို​သည်​။​

မိ​မိ​သည်​ ​စိတ်​ဆိုး​မာန်​ဆိုး​ဖြင့်​ ​အက်​ဆန်း​ကို​ ​စိန်​ခေါ်​ခဲ့​သော်​လည်း​ ​အက်​ဆန်း​က​မူ​ ​မိ​မိ​အား​ ​အ​ရှက်​ခွဲ​လိုက်​ရ​သည်​ကို​ ​ကျေ​နပ်​နေ​ဟန်​သာ​ရှိ​ကြောင်း​ ၎င်း​က​ ​ဆက်​လက်​ပြော​ဆို​သွားသည်။​ ​ထို့​အ​ပြင်​ ​ထို​ကဲ့​သို့​ ​တစ်​ပါး​သူ​ရည်း​စား​ ​ပေါ်​ပေါ်​ထင်​ထင်​ ​ဖြတ်​လု​သည့်​အ​ချိန်​သည်​ ​အ​မျိုး​သ​မီး​ ​နှစ်ဦး​အား​ ​လိင်​ဆိုင်​ရာ​ ​အ​ကြမ်း​ဖက်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ဖြစ်​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​နှင့်​လည်း​ ​တိုက်​ဆိုင်​နေ​သည်​ဟု​ဆို​သည်​။​ ​အက်​ဆန်း​သည်​ ​ယင်း​အ​မှု​အ​တွက်​ ​ဆွီ​ဒင်​အ​စိုး​ရ​၏​ ​ဝ​ရမ်း​ထုတ်​ခြင်း​ကို​ ​ခံ​ထား​ရ​သည်​။​ ၎င်း​သည်​ ​ဗြိ​တိန်​တွင်​ ​အ​ထိ​န်း​သိမ်း​ခံ​ထား​ရ​သော်​လည်း​ ​အာ​မ​ခံ​ဖြင့်​ ​ပြန်​လွတ်​လာ​ပြီး​နောက်​ ​လက်​ရှိ​အ​ချိန်​တွင်​ ​လန်​ဒန်​မြို့​အ​တွင်း​ ​အ​ကျယ်​ချုပ်​ဖြင့်​ ​နေ​ထိုင်​လျက်​ရှိ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here