ခရစ္စမတ်​ကာလတွင် အကြမ်းဖက်မှု​ကျူးလွန်ဖွယ်​ရှိသူများ​အား ဗြိတိန်တွင် ဖမ်းဆီး​ရမိ

alt

ဗြိ​တိန်​နိုင်ငံ​ရှိ​​ ​အ​ကြမ်း​ဖက်​မှု​ ​နှိမ်​နင်း​ရေး​​ ​တပ်​ဖွဲ့​များ​သည်​ ​ခ​ရစ္စ​မတ်​​ ​ကာ​လ​အ​တွင်း​ ​အ​ကြမ်း​ဖက်​မှု​များ​​ ​ကျူး​လွန်​ရန်​ ​ရည်​ရွယ်​ထား​ကြောင်း​​ ​သံ​သ​ယ​ရှိ​သူ​ ​၁၂​ ဦး​အား​ ​ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​နိုင်ငံ​၏​ ​အ​ဓိ​က​ ​အ​ကြမ်း​ဖက်​ ​ဆန့်​ကျင်​ရေး​ ​စစ်​ဆင်​မှု​ကြီး​ ​တစ်​ခု​အ​ဖြစ်​ ​လူ​အ​များ​အား​ ​စီး​နင်း​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​သံ​သ​ယ​ ​တ​ရား​ခံ​များ​မှာ​ ​အ​သက်​ ​၁၇​ ​နှစ်​မှ​ ​၂၈​ ​နှစ်​ကြား​ရှိ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။​

​ဒီ​ဇင်​ဘာ​ ​၂၀​ ​ရက်​နေ့​ ​နံ​နက်​အ​စော​ပိုင်း​က​ ​လက်​နက်​ကိုင်​ဆောင်​ခြင်း​ ​မ​ရှိ​သော​ ​အ​ထူး​တပ်​ဖွဲ့​များ​က​ ​မ​သ​င်္ကာ​သူ​များ​အား​ ​ဝင်​ရောက်​ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​ကား​ဒစ်​တွင်​ ​၅​ ဦး​၊​ ​စ​တုတ်​အော်​ထ​ရက်​တွင်​ ​၄​ ဦး​နှင့်​ ​လန်​ဒန်​တွင်​ ​၃​ ဦး​တို့​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​နောက်​မစ်​လန်း​ ​ရဲ​ဌာ​န​က​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​များ​ ​စ​တင်​မည့်​ ​စီ​မံ​ကိန်း​သည်​ အ​သင့်​အ​နေ​အ​ထား​ ​ပြင်​ဆင်​ပြီး​နေ​ပြီ​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​လက်​ရှိ​တွင်​မူ​ ​ဘာ​မင်​ဂမ်​နှင့်​ ​လန်​ဒန်​ရှိ​ ​အ​ခြား​သော​ ​ဆက်​စပ်​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​များ​အား​ ​လိုက်​လံ​ရှာ​ဖွေ​နေ​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ ​ကြေ​ညာ​ခဲ့​သည်​။​

​ရဲ​တပ်​ဖွဲ့​၏​ ​အ​ကြမ်း​ဖက်​မှု​ဆိုင်​ရာ​ ​ဌာ​န​မှ​ ​လက်​ထောက်​ရဲ​ကော်​မ​ရှင်​နာ​ ​စ​တူး​ဝပ်​အော့​စ​ဘွန်း​က​ ​ဖမ်း​ဆီး​ထား​သူ​များ​အ​န​က်​ ​အ​သက်​ ​၁၇​ ​နှစ်​အ​ရွယ်​ ​လူငယ်​လည်း​ ​ပါ​ဝင်​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​သည်​ ​အိ​န္ဒိ​ယ​နိုင်ငံ​၊​ ​မွမ်​ဘိုင်း​တွင်​ ​၂၀၀၈​ ​ခု​နှစ်​က​ ​စ​နစ်​တ​ကျ​ ​စီး​နင်း​တိုက်​ခိုက်​ခဲ့​သည့်​ ​အ​ကြမ်း​ဖက်​ ​စစ်​ဆင်​ရေး​မျိုး​ ​ပေါ်​ပေါက်​လာ​နိုင်​သော​ ​အ​ခြေ​အ​နေ​များ​ ​ရှိ​နေ​ကြောင်း​ ​အ​တည်​ပြု​ထား​ပြီး​ ​ယင်း​အ​တွက်​ ​ပြည်​သူ့​လုံ​ခြံု​ရေး​ကို​ ​တိုး​မြှင့်​ဆောင်​ရွက်​နေ​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here