အီ​ရန်​တွင်​​ ​အ​သေ​ခံ​ဗုံး​ဖောက်​ခွဲ​မှု​ကြောင့်​​ ​အ​နည်း​ဆုံး​​ ​၃၉​ ဦး​သေ​ဆုံး

alt

အီရန်နိုင်ငံတွင် အသေခံ ဗုံးသမားနှစ်ဦး၏ ဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးသွားကြောင်း သိရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆိပ်ကမ်းမြို့ ချာဘာဟာတွင် ရှီးယိုက်မွတ်ဆလင် ဘာသာဝင်များ ဘာသာရေး အခမ်းအနားတစ်ခုအတွက်

စုရုံးဝတ်ပြုနေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပါကစ္စတန်ရှိ ဆွန်နီစစ်သွေးကြွ အဖွဲ့တစ်ခုက မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ထတု်ဖော်ကြေညာခဲ့သည်။

ဂျန်ဒဲလားခေါ် စစ်သွေးကြွ အဖွဲ့သည် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ရာ ဆွန်နီမွတ်ဆလင်တို့အပေါ် အီရန်အစိုးရက ဘာသာရေး ခွဲခြားမှုအတွက် ယခုတိုက်ခိုက်မှုက သတိပေးမှုတစ်ခုဟု ပါရှိသည်။ သေဆုံးသူများအနက် အမျိုးသမီး ၃ ဦးနှင့် မွေးကင်းစ ကလေးငယ် တစ်ဦးတို့ ပါဝင်ကြောင်း အီရန်ရဲတပ်ဖွဲ့က ကြေညာသည်။

အီရန်လခြမ်းနီအသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော မာမွတ်မိုဇက်ဖာက ပြီးခဲ့သည့် လပိုင်းကတည်းက အမည်မသိ အဖွဲ့အစည်းထံမှ ဗုံးခြိမ်းခြောက်မှုများ ရရှိခဲ့သဖြင့် လုံခြံုရေး တပ်လှန့်မှုများ ကြိုတင်ပြုလုပ်ထားခဲ့ကြောင်း ပြောကြားသွားသည်။ အီရန်အစိုးရက ဂျန်ဒဲလားအဖွဲ့သည် အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများ၏ အထောက်အပံ့ကို ရရှိနေသော အဖွဲ့အစည်းဖြစ်ပြီး ယခုဗုံးခွဲမှု၏ နောက်ကွယ်တွင် အမေရိကန် ပါဝင်နေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here