​စ​ကား​လက်​ဂျို​ဟန်​ဆန်​တို့​​ ​ဇ​နီး​မောင်​နှံ​​ ​ကွာ​ရှင်း​တော့​မည်

alt

ရိုင်​ယန်​ရေး​နိုး​နှင့်​​ ​စ​ကား​လက်​ဂျို​ဟန်​ဆင်​တို့​​ ​ကွာ​ရှင်း​တော့​မည်​ဟု​​ ​သိ​ရ​သည်​။​ ​လက်​ထပ်​ပေါင်း​သင်း​မှု​​ ​သက်​တမ်း​ ​၂​ ​နှစ်​ကျော်​​ ​ကြာ​မြင့်​ချိန်​တွင်​ ​ယ​ခု​လို​ ​ဆုံး​ဖြတ်​ ခဲ့​ခြင်း​ဟု​ ​ယင်း​တို့​၏​ ​ကိုယ်​ရေး​အ​ရာ​ရှိ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ရေး​နိုး​နှင့်​ ​ဂျို​ဟန်​ဆင်​တို့​ ​ပူး​တွဲ​ထုတ်​ပြန်​သည့်​ ​ကြေ​ညာ​ချက်​တွင်​ ​အိမ်​ထောင်​ရေး​ကို​ ​မ​ပြို​ကွဲ​အောင်​ ​ကာ​လ​ရှ​ည်​ကြာ​စွာ​ ​ညှိ​နှိုင်း​ထိန်း​သိမ်း​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လက်​ရှိ​တွင်​မူ​ ​မိ​မိ​တို့​၏​ ​ဆက်​ဆံ​ရေး​ကို​ ​အ​ဆုံး​သတ်​တော့​မည်​ဖြစ်​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​ ​အ​သက်​ ​၂၆​ ​နှစ်​ရှိ​ပြီဖြစ်​သော​ ​ဂျို​ဟန်​ဆင်​ သည်​ Iron​ Man​ 2​ ​ဇာတ်​ကား​တွင်​ ​ရု​ရှား​သူ​လျှို​မ​လေး​ Black​ Widow ​အ​ဖြစ်​ ​ပါဝင်​သ​ရုပ်​ဆောင်​ပြီး​နောက်​ ​လူ​ကြိုက်​များ​သော​ ​ဇာတ်​ရုပ်​ဖြစ်​လာ​သည်​။​ ​အ​သက်​ ​၃၄​ ​နှစ်​ရှိ​ ​ရေး​နိုး​နှင့်​ ​ ဂျို​ဟန်​ဆင်​တို့​သည်​ ​၂၀၀၈​ ​ခု​နှစ်​ ​စက်​တင်​ဘာ​လ​က​ ​လက်​ထပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ဂျို​ဟန်​ဆင်​တို့​ ​စုံ​တွဲ​သည်​ ​ယ​ခင်​က​လည်း​ ​ယင်း​တို့​၏​ ​အ​လုပ်​ခွင်​ ​အ​ချိန်​ဇ​ယား​နှင့်​ ​ပတ်​သက်​ပြီး​ ​ တစ်ဦး​နှင့်​တစ်ဦး​ ​အ​ချိန်​မ​ပေး​နိုင်​သည့်​ ​ကိ​စ္စ​ကြောင့်​ ​အ​တွင်း​ကြိတ်​ ​အ​စိုင်​အ​ခဲ​များ​ ​ရှိ​ခဲ့​သေး​ကြောင်း​ ​သ​တင်း​ထွက်​ခဲ့​ဖူး​သော်​လည်း​ ​ထို​စဥ်​က​ ​ရေး​နိုး​က​ ​ငြင်း​ဆန်​ခဲ့​ပြီး​ ​ဂျို​ဟန်​ဆင်​သည်​ ​ယင်း​၏​ဘ​ဝ​တွင်​ ​အ​ကောင်း​ဆုံး​ ​အ​ဖော်​တစ်ဦး​အ​ဖြစ်​ ​ရပ်​တည်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here