​​Nintendo​​ ​၏​ Wii​ ​ဂိမ်း​စက်​မှာ​​ ​စွမ်း​အင်​ကုန်​ကျ​မှု​​ ​အ​သက်​သာ​ဆုံး​ဖြစ်

alt

လျှပ်စစ်စွမ်းအင် သုတေသန ပညာရေးအဖွဲ့ (EPRI) က ပြုလုပ်ခဲ့သော စစ်တမ်း​တစ်ခု​အရ ကမ္ဘာပေါ်တွင် နာမည်​အကြီးဆုံး ဂိမ်းစက်များ​အနက် Nintendo ထုတ် Wii က စွမ်းအင်ကုန်ကျမှု အသက်သာဆုံး​ဖြစ်ကြောင်း ဖော်ထုတ်​တွေ့ရှိခဲ့သည်။

EPRI က ကမ္ဘာကျော် ဂိမ်းစက် ၃ မျိုးဖြစ်သည့် Microsoft ထုတ် Xbox 360၊ Sony ထုတ် Play Station 3 နှင့် Wii တို့တွင် EA Sport ၏ Madden 360 ဂိမ်းကို စမ်းသပ်​ကစားကာ စွမ်းအင်​ကုန်ကျမှုကို လေ့လာ​တိုင်းတာ​ခဲ့သည်။ ထိုအခါ Wii ၏ စွမ်းအင်​သုံးစွဲမှုသည် Play Station 3 ဂိမ်းစက်များ၏ ခြောက်ပုံ​တစ်ပုံမျှသာ ရှိနေကြောင်း ဖော်ထုတ်​လာနိုင်ခဲ့သည်။ ယခု​ကိစ္စသည် ဂိမ်းစက်များ၏ စွမ်းဆောင်ရည်နှင့် ပရိသတ်များ၏ ကြိုက်နှစ်သက်မှုကို လေ့လာခြင်း မဟုတ်ဘဲ စွမ်းအင်​ကဏ္ဍကိုသာ မိမိတို့ စမ်းသပ်​ခဲ့ခြင်း ဖြစ်ကြောင်း EPRI ၏ စွမ်းအင်​ပို့လွှတ်မှုနှင့် အကျိုး​ဖြစ်ထွန်းအောင် သုံးစွဲမှု​ဌာနမှ ဒုတိယ​ဥက္ကဌ မတ်မက်ဂရန်ဂန်က ရှင်းပြ​ခဲ့သည်။

ပုံမှန်​အားဖြင့် ဂိမ်းစက်များတွင် Graphic စွမ်းဆောင်ရည်နှင့် မြန်နှုန်း​တို့​အတွက် စွမ်းအင်​သုံးစွဲမှုကို ကြီးကြီးမားမား ရယူ​ရသော်လည်း Wii သည် အဆိုပါ အနေအထားကို ရှောင်လွှဲ​နိုင်ရန် ဒီဇိုင်းထုတ် ဖန်တီးထားခြင်း​ဖြစ်ကြောင်း မက်ဂရန်ဂန်က ပြောကြား​သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here