​​​အဝတ်​အ​စား​မ​ပါ​ဘဲ​​ ​စာ​လိုက်​ပို့​သည့်​​ ​အ​မေ​ရိ​ကန်​စာ​ပို့​သ​မား

alt

အ​မေ​ရိ​ကန်​နိုင်ငံ​မှ​​ ​စာ​ပို့​သ​မား​ ​တစ်ဦး​သည်​​ ​အ​ဝတ်​အ​စား​မ​ပါ​ဘဲ​​ ​စာ​လိုက်​ပို့​ခဲ့​သ​ဖြင့်​​ ​အ​မျိုး​သ​မီး​တစ်ဦး​ ​အ​ထိတ်​တ​လန့်​ ​ဖြစ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ဒီ​ဇင်​ဘာ​ ​၄​ ​ ရက်​နေ့​က​ ​အ​မေ​ရိ​ကန်​ ​ရဲ​ဌာ​န​သည်​​ ​ဝင်ကွန်​ဆင်​ရှိ​ ​အ​မျိုး​သ​မီး​တစ်ဦး​၏​

​ရုံး​ခန်း​ထဲ​ ​ဝတ်​လစ်​စား​လစ်​ဖြင့်​ ​လူတစ်ဦး​ ​စာဝင်​ပို့​သွား​ကြောင်း​ ​တိုင်​ကြား​မှု​တစ်​ခု​ ​ရ​ရှိ​ခဲ့​သည်။​ ​ရဲ​များ​က​ဖြစ်​ ရပ်​အား​ ​ခြေ​ရာ​ခံ​ ​စုံ​စမ်း​ပြီး​နောက်​ ​စာ​ပို့​သ​မား​အား​ ​ဖော်​ထုတ်​သိ​ရှိ​လာ​ခဲ့​သည်​။ ​

ယင်း​စာ​ပို့​သ​မား​က​ ၎င်း​၏​ ​ကိုယ်​လုံးကိုယ်​ပေါက်​ကို​ ​ကြွား​ဝါ​လို​သ​ဖြင့်​သာ​ ယ​ခု​လို​ ​ပြု​လုပ်​ခြင်း​ဟု​ ​ရဲ​ များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခင်​က​ ​စာ​ပို့​စဥ်​ ​အ​မျိုး​သ​မီး​တစ်ဦး​က​ ၎င်း​အား​ ​ကိုယ်​လုံး​ကိုယ်​ပေါက်​ ​တောင့်​တင်း​ကြောင်း​ ​ချီး​ကျူး​ပြော​ဆို​ခဲ့​ပြီး​နောက်​ ​ယ​ခု​အ​ကြံ​ကို​ ​ရ​ရှိ​လာ​ခြင်း​ဟု​ ​ စာ​ပို့​သ​မား​က​ဆို​သည်​။​ သို့​သော်​လည်း​ ​ယင်း​အ​ကြံဉာဏ်​မှာ​ ၎င်း​ထင်​သ​လို​ ​မ​ကောင်း​ကြောင်း​လည်း​ ​စာ​ပို့​သ​မား​က​ ​ဝန်​ခံ​ခဲ့​သည်​။​

​အ​မြင်​ရိုင်း​လှ​သည့်​ ​ယင်း​၏​ ​လုပ်​ဆောင်​ချက်​ကို​ ​တိုင်​ ကြား​ခဲ့​ပြီး​နောက်​ ရက်​အ​နည်းငယ်​ ​အ​ကြာ​တွင်​ ​ရဲ​များ​က​ ​စာ​ပို့​သ​မား​အား​ ​ဖမ်း​ဆီးမိ​ခဲ့​သည်​။​ ​ယင်း​က​ ​မိ​မွေး​တိုင်း​ ​ဖ​မွေး​တိုင်း​ ​ပုံ​စံ​ဖြင့်​ ​စာ​လိုက်​ပို့​ရ​ခြင်း​မှာ​ ​စိတ်​လှုပ်​ရှား​စ​ရာ​ ​ကောင်း​ လိမ့်​မည်​ဟု​ ​မျှော်​လင့်​ခဲ့​သော်​လည်း​ ​အ​မှန်​တ​ကယ်​တွင်​မူ​ ​မ​လွယ်​လှ​ကြောင်း​ ​ရဲ​များ​ထံ​ ​ဝန်​ခံ​ခဲ့​သည်​ဟု​ Milwaukee​ ​ဂျာ​နယ်​က​ ​ရေး​သား​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here