​စိတ်​ဝေ​ဒ​နာ​သည်​များ​ကို​​ ​ရောင်း​စား​သည့်​​ ​တ​ရုတ်​နိုင်ငံ​သား​

alt

တ​ရုတ်​နိုင်ငံ​မှ​​ ​လူ​တစ်ဦး​သည်​ ​စိတ်​ဝေ​ဒ​နာ​သည်​​များ​အား​​ ​ကျွန်​အ​ဖြစ်​ ​ရောင်း​စား​နေ​မှု​ကြောင့်​​ ​အ​ဖမ်း​ခံ​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။​ စိတ်​ပိုင်း​ဆိုင်​ရာ​ ​အား​နည်း​ ချို့​တဲ့​သူ​များ​ကို​ ​ထိန်း​သိမ်း​ပေး​သည့်​ ​ဂေ​ဟာ​တစ်​ခု​၏​ ​ပိုင်​ရှင်​သည်​ ​ယင်း​၏​ဂေ​ဟာ​သို့​ ​ရောက်​ရှိ​လာ​သူ​များ​အား​

​နိုင်ငံ​အ​နောက်​ပိုင်း​ရှိ​ ​​ဝေး​လံ​သီ​ခေါင်​သော​ ​စက်​ရုံ​လုပ်ငန်း​များ​သို့​ ​က​ မန်​အ​ဖြစ်​ ​တင်​ပို့​ရောင်း​ချ​ခဲ့​သည်​။​ ​ဇီ​ဂျီ​အန်း​သို့​ ​ကျွန်​များ​ရောင်း​ချ​နေ​သည်​ဆို​သော​ ​စွပ်​စွဲ​ချက်​ဖြင့်​ ​ဇန်​လင်​ကွမ်​အား​ ​ဖ​မ်း​ဆီး​လိုက်​ကြောင်း​ ​အ​စိုး​ရ​ပိုင်​ Xinhua​ ​သ​တင်း​ဌာ​န​က​ ​ဖော်​ပြ​ ခဲ့​သည်​။​ ၎င်း​သည်​ ​အ​စိုး​ရ​ ​အ​သိ​အ​မှတ်​မ​ပြု​သော​ ​စိတ်​ကျန်း​မာ​ရေး​ ​ဂေ​ဟာ​တစ်​ခု​ကို​ ​ဆီ​ချွမ်​တွင်​ ​ဖွင့်​လှစ်​ထား​သည်​။​ ​ဇန်သည်​ ​အ​နည်း​ဆုံး​ ​စိတ်​ဝေ​ဒ​နာ​သည်​ ​၁၁​ ဦး​ကို​ ​ဇီ​ဂျီ​အန်း​ရှိ​ ​ဂျီ​ အာ​ဆီ​ ​ဆောက်​လုပ်​ရေး​ပ​စ္စည်း​ ​ဓာ​တု​ဗေ​ဒ​ ​ကု​မ္ပ​ဏီ​သို့​ ​ရောင်း​ချ​ခဲ့​ကြောင်း​လည်း​ Xinhua​က​ ​ဖော်​ပြ​ထား​သည်​။​

အ​ရောင်း​စား​ခံ​ရ​သူ​များ​သည်​ ​လုပ်​ခ​လ​စာ​ ​မ​ရ​ရှိ​ဘဲ​ ​အ​လွန်​အ​ကျွံ​ ​အ​ ခိုင်း​စေ​ခံ​ရ​သ​လို​ ​ဆိုး​ရွား​စုတ်​ပြတ်​လှ​သည့်​ ​တန်း​လျား​များ​တွင်​ ​ညစ်​ညစ်​ပတ်​ပတ်​ ​နေ​ထိုင်​ရ​ရှာ​သည်​။​ ​ဇီ​ဂျီ​အန်း​ရှိ​ ​အာ​ဏာ​ပိုင်​များ​သည်​ ​စက်​ရုံ​ပိုင်​ရှင်​ ​လီ​ဇင်​လင်း​၏​ ​အ​နေ​အ​ထား​ကို​ ​ မ​သ​င်္ကာ​သော​ကြောင့်​ ​ခြေ​ရာ​ခံ​ ​စုံ​စမ်း​ရင်း​ ​ဇန်၏​ ​ကျွန်​ရောင်း​မှု​ကို​ပါ​ ​သိ​ရှိ​လာ​ခြင်း​ဖြစ်​သည်​။​ ​စက်​ရုံ​ကို​ ​ဝင်စီး​စဥ်​ ​လီ​ကို​ ​မ​တွေ့​ရ​သော်​လည်း​ ​စိတ်​ဝေ​ဒ​နာ​ရှင်​ ​အ​လုပ်​သ​မား​ ​တစ်​ဒါ​ဇင်​ နီး​ပါး​ကို​ ​ကယ်​တင်​နိုင်​ခဲ့​ပြီး​ ​လီ​၏​ ​ဇ​နီး​ကို​ပါ​ ထိန်း​သိမ်း​ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​

လီ​မှာ​မူ​ ​လွတ်​မြောက်​နေ​ပြီး​ ​ဆီ​ချွမ်​တွင်​ ​ခို​အောင်း​နေ​မည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ရဲ​များ​က​ဆို​ သည်​။​ ​တ​ရုတ်​နိုင်ငံတွင်​ ​လူ့​အ​ခွင့်​အ​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​ထိန်း​သိမ်း​စောင့်​ရှောက်​မှု​မှာ​ ​အားနည်း​ချက်​များ​ ​ရှိ​နေ​ဆဲ​ဖြစ်​ပြီး​ ​၂၀၀၇​ ​ခု​နှစ်​က​လည်း​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ရှန်​ဇီး​တွင်​ ​ကျွန်​လူ​ တန်း​စား​ကဲ့​သို့​ ​ဆိုး​ဆိုး​ရွား​ရွား​ ​အ​လုပ်​လုပ်​နေ​ရ​သူ​ ​ရာ​နှင့်​ချီ​ပြီး​ ​ဖော်​ထုတ်​ကယ်​တင်​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here