ညီ​မ​နှင့်​တူ​မ​များ​ကို​​ ​မု​ဒိမ်း​ကျင့်​ခဲ့​သည့်​​ ​မြန်​မာ​ပြည်​ဖွား​​ ​တ​ရုတ်​ညီ​အစ်​ကို​အား​​ ​ထောင်​ဒဏ်​ချ​မှတ်

alt

ညီမဖြစ်သူအား မုဒိမ်း​ကျင့်ပြီး ငယ်ရွယ်သည့် တူမများကို မုဒိမ်း​ကျင့်ခဲ့ဖူးသော ဟောင်ကောင်မှ မြန်မာပြည်ပေါက် တရုတ် ညီအစ်ကို နှစ်ဦးအား ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်​လိုက်ကြောင်း သိရသည်။

ထိုကိစ္စသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့်​နှစ်က တူမများ​အနက် တစ်ဦး၏ မင်္ဂလာ​ဆောင်မှသာ ပေါ်ထွက်​လာခြင်း​ဖြစ်သည်။ လိင်ပိုင်း​ဆိုင်ရာ အနိုင်ကျင့်​ခံရသည့် တူမ​သုံးယောက်အနက် အကြီး​နှစ်ဦးမှာ အမြွှာများ ဖြစ်ကြပြီး အသက် ၃၀ အရွယ် သတို့သမီးက သူမ၏ အမြွှာညီ​အစ်မများနှင့် တိုင်ပင်ကာ တရုတ်​ရိုးရာအရ ဦးလေးများကို လက်ဖက်ရည်​ကမ်းရမည့် ကိစ္စအား ဆွေးနွေးခဲ့သည်။ ညီအစ်မများက လူယုတ်မာ ဦးလေးများကို လက်ဖက်ရည်​မကမ်းရန် တိုက်တွန်း​ခဲ့ကြပြီးနောက် ထိုကိစ္စကို ငြင်းခုန်ရင်း အဒေါ်​တော်စပ်သူမှာလည်း ယင်းတို့၏ မုဒိမ်းကျင့်မှု ခံရကြောင်း သိရှိလာခဲ့ရသည်။

ယခုအခါ အိမ်ထောင်ကျပြီး ကလေးများပင် ရနေပြီဖြစ်သော ညီအစ်ကို နှစ်ဦးမှာ ဇန်နဝါရီလက အဖမ်းခံခဲ့ရသည်။ ယင်းအမှုကို တရားရုံးက ပြန်လည်စစ်ဆေးရန် သဘောတူညီခဲ့ပြီးနောက် တစ်နှစ်နီးပါးကြာအောင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဗဟိုရားသူကြီး မက်ဂီပွန်မန်းက အသက် ၄၃ နှစ်အရွယ် စီမံခန့်ခွဲရေးဌာန ကြီးကြပ်ရေးမှူးနှင့် အသက် ၄၆ နှစ်အရွယ် အငှားယာဥ်မောင်းတို့အား ထောင်ဒဏ်သုံးနှစ်ခွဲစီ အသီးသီး ချမှတ်လိုက်သည်။ ၁၉၈၂ ခုနှစ်က မကာအိုမှ ဟောင်ကောင်သို့ ပြောင်းရွှေ့နေထိုင်သည့် မြန်မာပြည်ပေါက် တရုတ်မိသားစုမှ အစ်ကိုကြီးဖြစ်သူသည် ညီမအား မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က ယင်း၏အသက်မှာ ၁၉ နှစ်ဖြစ်ပြီး ညီမမှာ ၁၆ နှစ်သာ ရှိသေးသည်။ ၎င်းသည် အမြွှာတူမနှစ်ဦးကိုလည်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့သေးသည်။ ၁၉၈၃ ခုနှစ်ကလည်း တရားခံသည် ၅ နှစ်အရွယ် တူမ၏ မသင့်လျော်သော ကိုယ်အင်္ဂါများကို နမ်းရှုပ်ခဲ့သေးသည်။ ထို့အတွက် ကလေးမက မိခင်အား တိုင်ကြားခဲ့သော်လည်း မျက်နှာကို အရိုက်ခံရခြင်းသာ အဖတ်တင်ခဲ့သည်။ ၄ နှစ်အကြာတွင် ထိုမိန်းကလေးကို ဦးလေးက မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သေးသော်လည်း မအောင်မြင်ခဲ့ချေ။

နောက်တစ်နှစ်တွင် ၎င်းသည် အိပ်ပျော်နေသော အမြွှာများအနက် တစ်ဦးကို နှိုးကာ ဗလက္ကာယ ပြုခဲ့သည်။ တရားခံနှစ်ဦးအနက် အငယ်ဖြစ်သူသည် ၁၉၈၃ ခုနှစ်က အသက် ၁၇ နှစ်သာ ရှိသေးပြီး တူမလေး သုံးဦးကို မဖွယ်မရာ ပြုမူခဲ့သေးသည်။ ၁၉၈၃ မှ ၁၉၈၇ အထိ အဆိုပါ ယုတ်မာပက်စက်မှုများကို ကျူးလွန်ခဲ့ကြောင်း မိန်းကလေးများက ထွက်ဆိုခဲ့သည်။ ၁၉၈၃ ခုနှစ်က စော်ကားခံရသည့် အငယ်ဆုံး တူမလေးမှာ ထိုစဥ်က ၄ နှစ်သာ ရှိသေးပြီး အကယ်၍ အခြားသူများကို ပြောပြပါက ခွေးစာကျွေးမည်ဟု ဦးလေးအငယ်က ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အားလုံးသည် မိသားစု၏ အဖွားအိမ်သို့ နှစ်သစ်ကူး လပွဲတော်အတွက် စုရုံးသွားရောက်စဥ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here