​ကွန်​ဂို​လမ်း​ပြ​အား​​ ​မိ​ချောင်း​ဆွဲ​သွား​သည့်​မြင်​ကွင်း​​ ​အ​မေ​ရိ​ကန်​​ ​က​မ္ဘာ​လှည့်​တို့​​ ​မြင်​တွေ့​ခဲ့​ရ

alt

အမေရိကန်နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များသည် ကွန်ဂိုနိုင်ငံသို့ အပျော်​ခရီးထွက်စဥ် ၎င်းတို့၏ လမ်းပြ Guide ကို မိကျောင်း​ဆွဲသွားသည့် မြင်ကွင်းအား သွေးပျက်​ခြောက်ခြားစွာ တွေ့မြင်​ခဲ့ရသည်။

အသက် ၃၅ နှစ်အရွယ် ဟင်းဒရစ် ကော့ဇီသည် ကွန်ဂိုရှိ မြစ်တစ်ခုထဲတွင် ကယက်လှေဖြင့် သွားလာသည့် ခရီးစဥ်အတွင်း မိကျောင်း​ဆွဲခံရခြင်း​ဖြစ်သည်။ အမေရိကန်​လူမျိုး နှစ်ဦး​တို့သည် ရုန်းရင်း​ဆန်ခတ်​ဖြစ်ပြီး ရေထဲသို့ တရွတ်​ဆွဲခံ​သွားရသည့် ကော့ဇီအား တစုံတရာ အကူအညီ မပေးနိုင်ဘဲ အထိတ်တလန့် ကြည့်နေခဲ့ရသည်။ ဒီဇင်ဘာ ရ ရက်နေ့က မိကျောင်းဆွဲခံရသည့် ကော့ဇီ၏ ရုပ်​အလောင်းကို ယခုတိုင် ပြန်မတွေ့​သေးချေ။ အခင်းဖြစ်ရာ လူကူဂါ​မြစ်သည် ယခင်ကတည်းက မိကျောင်းများ အရေ​အတွက် များပြားစွာ ကျက်စား​​နေသည့် နေရာ​​တစ်ခု​​အဖြစ် ရပ်တည်​လျက်ရှိသည်။ ဘန်စတွတ်ဘာရီနှင့် ခရစ်ကော်ဘူလစ်တို့သည် အဆိုပါ ခြောက်ခြား​စရာ ဖြစ်ရပ်ကြီးနှင့် ကြံုခဲ့သော်လည်း ဘေးလွတ်ရာသို့ ရောက်ရှိ​နိုင်ခဲ့သည်။

တောင်အာဖရိကဖွား လူဖြူ​တစ်ဦးဖြစ်သည့် ကော့ဇီသည် ယူဂန္ဓာတွင် နေထိုင်ပြီး ကယက်လှေများဖြင့် မြစ်ကြောင်း​တလျှောက် သွားလာ​ရသည့် အပျော်စီး ခရီးစဥ်တွင် ဦးဆောင်​လမ်းပြမှု ကောင်းမွန်သည့် အတွေ့အကြံုရင့် Guide တစ်ဦး​ဖြစ်သည်။ မျက်စိရှေ့တွင်ပင် လူတစ်ဦးအား မိကျောင်း​ဆွဲသွားသည့် ဖြစ်ရပ်အား တွေ့မြင်​ခဲ့ရသဖြင့် တုန်လှုပ်နေသော အမေရိကန်​နှစ်ဦးမှာ လက်ရှိတွင် ကွန်ဂိုမှ မပြန်ရသေးသော်လည်း အမေရိကန်​သို့ပြန်ရန် အစောတလျင် ပြင်ဆင်လျက်​ရှိကြောင်း သိရသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here