Yahoo​​ ​မှ​ ​အ​လုပ်​သ​မား​များ​​ ​လျှော့​ချ​သွား​မည်

alt

Yahoo​ အ​နေ​နှင့်​​ ​ဆောင်း​ရာ​သီ​ ​ရုံး​ပိတ်​ရက်​အ​တွင်း​ ​အ​လုပ်​သ​မား​ ​၆၀ဝ​ ​နှင့်​ ​၇၀၀​ ​ကြား​ ​လျှော့​ချ​သွား​မည်​ဟု​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ကျော်​ Search​ Engine​ ​လုပ်ငန်း​ကြီး​မှ​ ​အင်​အား​လျှော့​ချ​ ​ခံ​ရ​မည့်​ ​လုပ်​သား​များ​ကို​ ​ဒီ​ဇင်​ဘာ​ ​၁၄​ ​ရက်​နေ့​မှ​ ​စ​တင်​အ​ကြောင်း​ကြား​နေ​ပြီ​ဟု​ဆို​သည်​။​

Yahoo ​သည်​ ​အ​လုပ်​ထုတ်​လိုက်​သော​ ​လုပ်​သား​စာ​ရင်း​ကို​ ​တ​ရား​ဝင် ​ထုတ်​ပြန်​ကြေ​ညာ​ခြင်း​ ​မ​ရှိ​သေး​သ​လို​ ​လုပ်​သားဦး​ရေ​ ​လျှော့​ချ​ခြင်း​ကို​လည်း​ ​တ​ရား​ဝင် ​မ​သတ်​မှတ်​သေး​ကြောင်း​ ​နီး​စပ်​သူ​ ​တစ်ဦး​က​ ​ပြော​ကြား​သွား​သည်​။​ ​အ​လုပ်​သ​မား​ ​၁၄၁၀၀​ ​ကျော်​ရှိ​သော​ Yahoo​ အ​နေ​နှင့်​ ၎င်း​၏​ ​စု​စု​ပေါင်း​ ​လုပ်​သား​အ​ရေ​အ​တွက်​ ​၅​ ​ရာ​ခိုင်​နှုန်း​မျှ​ကို​ ​လျှော့​ချ​သွား​ရန်​ ​စီ​စဥ်​ထား​ခြင်း​ဖြစ်​သည်​။​ ​

ယင်း​သည်​ ​ပြီး​ခဲ့​သော​ ​၃​ ​နှစ်​တာ​ ​ကာ​လ​အ​တွင်း​ Yahoo​ ၏​ ​ကြီး​ကြီး​မား​မား​ ​လုပ်​သား​လျှော့​ချ​မှု​ ​၄​ ​ကြိမ်​မြောက်​ ​ဖြစ်​လာ​သည်​။​ Yahoo ​၏​ ​အ​လုပ်​သ​မား​ ​လျှော့​ချ​မှုသည်​ ​ဝန်​ထမ်း​များ​အ​တွက်​ ​စိုး​ရိမ်​ထိတ်​လန့်​စ​ရာ​ ​ဖြစ်​လာ​ခဲ့​သည်​။​ ​

ေ​ဈး​ကွက်​အ​တွင်း​ Facebook​ နှင့်​ Google ​တို့​၏​ ​အ​ပြင်း​အ​ထန်​ ​ယှဥ်​ပြိုင်​လာ​မှု​များ​ကြောင့်​ ​ယ​ခု​နှစ်​ ​ပ​ထ​မ​ ​၉​ ​လ​အ​တွင်း​ Yahoo​ ၏​ ​အ​မြတ်​ငွေ​သည်​ ​ဒေါ်​လာ​ ​၄.​၈​ ​ဘီ​လျံ​သာ​ ​ရှိ​ခဲ့​ပြီး​ ​၂​ ​ရာ​ခိုင်​နှုန်း​အောက်​ ​ကျ​ဆင်း​သွား​ခြင်း​ဖြစ်​သည်​။​ ​ထို​အ​ချိန်​တွင်​ ​မ​ဟာ​ပြိုင်​ဖက်​ Google​ ၏​ ​အ​မြတ်​ငွေ​ ​ပ​မာ​ဏ​သည်​ ​၂၃​ ​ရာ​ခိုင်​နှုန်း​ ​မြင့်​တက်​ခဲ့​ပြီး​ ​စု​စု​ပေါင်း​ ​ဒေါ်​လာ​ ​၂၁​ ​ဘီ​လျံ​ကျော်​ ​ရှိ​လာ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here