၃၁ ပေမြင့်သည့် နှင်းခဲ​လူရုပ် ပိုလန်​နိုင်ငံ​တွင် တည်ဆောက်

alt

ပို​လန်​နိုင်ငံ​တွင်​​ ​အ​လွန်​ကြီး​မား​သော​​ ​နှင်း​ခဲ​လူ​ရုပ်​ကြီး​​ ​တစ်​ခု​အား​ ​တည်​ဆောက်​ထား​ကြောင်း​ ​သိ​ရ​သည်​။​ ​မီ​လို​ဆီ​နက်​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​ချစ်​စ​ရာ​ ​နှင်း​ရုပ်​ကြီး​မှာ​ ​၃၁​ ​ပေ​မြင့်​ပြီး​ ဦး​ထုပ်​အ​တွက်​ ​စည်​ပိုင်း​တစ်​ခု​နှင့်​ ​နှာ​ခေါင်း​အ​တွက်​ လမ်း​စည်း​ကမ်း​

​ထိန်း​သိမ်း​ရေး​သုံး​ ​ကန်​တော့​ချွန်​တို့​ကို​ ​အ​သုံး​ပြု​ ​တည်​ဆောက်​ထား​ခြင်း​ဖြစ်​သည်​။​

​ပို​လန်​သ​တင်း​စာ​ ​တစ်​စောင်​က​ ​ထို​လူ​ရုပ်​ကြီး​အား​ ​လူ​တစ်​စု​က​ ​ခြောက်​ရက်​ကြာ​ အ​ချိန်​ယူ​ပြီး​ ​ပျော်​ရွှင်​စွာ​ ​စု​ပေါင်း​တည်​ဆောက်​ခဲ့​ကြောင်း​ ​ေ​ဖော်​ပြ​ခဲ့​သည်​။​ ​အ​ရုပ်​ကြီး​သည်​ ​နှစ်​ထပ်​တိုက်​ ​တစ်​ခု​စာ​မျှ​မြင့်​မား​ကြောင်း​ ​ဂါ​ဇက်​တာ​ ​ဝိုင်​ဘ​ရော့​ဇာ​ ​သ​တင်း​စာ​က​ဆို​သည်​။​ ​ဒီ​ဇင်​ဘာ​ ​၁၀​ ​ရက်​နေ့​တွင်​ ​အ​ပြီး​သတ်​နိုင်​ခဲ့​သော​ ​လူ​ရုပ်​ကြီး​မှာ​ ​နိုင်ငံ​ ​အ​နောက်​တောင်​ပိုင်း​ ​တီ​ဇက်​နီ​ကာ​တွင်​ ​တည်​ရှိ​သည်​။​

သ​တင်း​စာ​က​ ​မီ​လို​ဆီ​နက်​အား​ ​တည်​ဆောက်​ခဲ့​သည့်​ ​လူ​များ​သည်​ ၎င်း​တို့​၏​လက်​ရာ​သည်​ ​ပို​လန်​နိုင်ငံတွင်​ ​အ​ကြီး​ဆုံး​ ​နှင်း​ခဲ​ရုပ်​တု​ဖြစ်​မည်​ဟု​ ​ယုံ​ကြည်​လျက်​ရှိ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here