ဘ​င်္ဂလား​ဒေ့​ရှ်​တွင်​​ ​စက်​ရုံ​မီး​လောင်​မှု​​ကြောင့်​​ ​အ​နည်း​ဆုံး​​ ​၂၉​ ဦး​သေ​ဆုံး​နိုင်

alt

ဘ​င်္ဂလား​ဒေ့​ရှ်​​ ​နိုင်ငံ​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​​ ​စက်​ရုံ​မီး​လောင်​မှု​အ​ပြီး​​ ​မီး​သတ်​သ​မား​များ​သည်​ ​ရုပ်​အ​လောင်း​များ​ကို​ ​ရှာ​ဖွေ​လျက်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​လက်​ရှိ​တွင်​ ​၂၉​ ဦး​ ​အ​နည်း​ဆုံး​ ​သေ​ဆုံး​နိုင်​ကြောင်း​ ​ခန့်​မှန်း​ထား​သော်​လည်း​ ​ဒီ​ဇင်​ဘာ​ ​၁၄​ ​ရက်​နေ့​ ​မီး​လောင်​မှု​ကြောင့်​

​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​ ​ပို​မို​များ​ပြား​လာ​နိုင်​ကြောင်း​ ​မီး​သတ်​တပ်​ဖွဲ့​က​ ​ဝန်​ခံ​ထား​သည်​။​ ​နေ့​လယ်​ပိုင်း​က​ ​စ​တင်​လောင်​ကျွမ်း​သော​မီး​သည်​ ​ည​ပိုင်း​ကျ​မှ​ ​ထိန်း​ချုပ်​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

ဒါ​ကာ​ရှိ​ ​ဘိ​လပ်​မြေ​စက်​ရုံ​ ​မီး​လောင်​ပြင်​တွင်​ ​ဒီ​ဇင်​ဘာ​ ​၁၅​ ​ရက်​နေ့​ ​နံ​နက်​ပိုင်း​က​ ​နောက်​ထပ်​အ​လောင်း​များ​ ​ထပ်​မ​တွေ့​ရ​သေး​သော်​လည်း​ ​အ​ပျက်​အ​စီး​များ​အောက်​တွင်​ ​ပိတ်​မိ​နေ​သူ​များ​ ​ရှိ​နိုင်​ကြောင်း​ ​မီး​သတ်​ဌာ​န​ ​တာ​ဝန်​ရှိ​သူ​ ​မို​ဟာ​မက်​ ​ဇိုင်​ယူ​ဒင်​က​ ​ပြော​ကြား​သွား​သည်​။​ ​မီး​လောင်​ကျွမ်း​နေ​စဥ်​အ​တွင်း​ ​အ​လုပ်​သ​မား​များ​သည်​ ​စက်​ရုံ​ပေါ်​မှ​ ​ခုန်​ချ​ကြ​ကြောင်း​လည်း​ ​မျက်​မြင်​တွေ့​ရှိ​သူ​များ​က​ဆို​သည်​။​ ​နေ့​လယ်​စာ​ ​စား​ချိန်​တွင်​ ​နှစ်​ထပ်​မှ​ ​စ​တင်​လောင်​ကျွမ်း​သော​ ​မီး​နှင့်​ပတ်​သက်​ပြီး​ ​ရဲ​တပ်​ဖွဲ့​က​ ​စုံ​စမ်း​နေ​ဆဲ​ဖြစ်​သည်​။​

​စက်​ရုံ​လုပ်​သား​ ​တစ်ဦး​ဖြစ်​သူ​ ​မို​ဟာ​မက်​အာ​တစ်​က​ ​အ​နည်း​ဆုံး​ ​လူ​ ​၅​ ဦး​မှာ​ ၎င်း​၏​ရှေ့​တွင်​ပင်​ ​ခုန်​ချ​ပြီး​ ​သေ​ပွဲ​ဝင်ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ဘ​င်္ဂလား​ဒေ့​ရှ်​ ​နိုင်ငံ​တွင်​ ​လုပ်ငန်း​ခွင်​ ​လုံ​ခြံု​ရေး​သည်​ ​စိန်​ခေါ်​မှု​ ​ကြီး​မား​သည့်​ ​အား​နည်း​ချက်​ကြီး​တစ်​ခု​အ​ဖြစ်​ ​တည်​ရှိ​နေ​ခဲ့​သော်​လည်း​ ​ပြီး​ခဲ့​သည့် ​နှစ်​ပိုင်း​များ​က​ တိုး​တက်​မှု​များ​ ​ရှိ​လာ​ခဲ့​သည်​။​ ​အ​လုပ်​သ​မား​ ​အ​ခွင့်​အ​ရေး​ ​အ​ဖွဲ့​များ​က​ ​နိုင်ငံ​၏​ ​အ​လုပ်​ခွင်​ ​လုံ​ခြံု​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​အာ​မ​ခံ​ချက်​ ​ပို​မို​ရ​ရှိ​ရန်​ ​တောင်း​ဆို​နေ​ဆဲဖြစ်​သည်​။​

​ဘ​င်္ဂလား​ဒေ့​ရှ်​တွင်​ ​ဖေ​ဖော်​ဝါ​ရီ​လ​က​ ​ဆွယ်​တာ​စက်​ရုံ​တစ်​ခု​ ​မီး​လောင်​မှု​ ​ဖြစ်​ပွား​ခဲ့​သေး​ပြီး​ ​ထို​စဥ်​က​ ​၂၁​ ဦး​ ​သေ​ဆုံး​ကာ​ ​ဒါ​ဇင်​ပေါင်း​များ​စွာ​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here