​​​တိုက်​ဂါး​ဝုဒ်​၏​ဇ​နီး​ဟောင်း​​ ​အ​သစ်​တွေ့​နေ​​ပြီ​ဟု​ဆို

alt

တိုက်​ဂါး​ဝုဒ်​၏​​ ​ဇ​နီး​ဟောင်း​မှာ​ ​ယ​ခု​အ​ခါ​​ ​အ​သစ်​တွေ့​နေ​ပြီ​ဟု​​ ​သိ​ရ​သည်​။​ ​ဆွီ​ဒင်​မော်​ဒယ်​ဟောင်း​​ ​အီ​လင်း​ ​နော်​ဒီ​ဂ​ရန်​သည်​​ ​ယ​ခု​အ​ခါ​ ​ချစ်​သူ​သစ်​တစ်ဦး​ ​တွေ့​နေ​ပြီ​ဟု​ဆို​သည်​။​

အီ​လင်း​နှင့်​ ​တွဲ​နေ​သူ​မှာ​ ​တောင်​အာ​ဖ​ရိ​က​ ​ကျောင်း​သား​တစ်ဦး​ဖြစ်​ပြီး​ အီ​လင်း​ ​ဖ​လော်​ရီ​ဒါ​တွင်​ တက်​နေ​သည့်​ ​တ​က္က​သိုလ်​မှ​ ​အ​တန်း​ဖော်​ဟု​ ​သူ​မ​နှင့်​ ​နီး​စပ်​သူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

တ​က္က​သိုလ်​မှ​ ​ကျောင်း​သား​တစ်ဦး​က​လည်း​ ​အီ​လင်း​တို့​ ​နှစ်ဦး​သည်​ ​အ​နမ်း​ပန်း​ဝေ​နေ​ပြီး​ ​တ​ယု​တ​ယ​ ​ရှိ​နေ​ကြောင်း​ ​ပြောဆို​သွား​သည်​။​ အီ​လင်း​ကိုယ်​တိုင်​က​မူ​ သူ​မ​၏​ ​အ​ချစ်​သစ်​နှင့်​ ​ပတ်​သက်​ပြီး​ ​တ​စုံ​တ​ရာ​ ​ပြော​ဆို​ထား​ခြင်း​ ​မ​ရှိ​သေး​ချေ​။​ သို့​သော်​လည်း​ ​တ​က္က​သိုလ်​ ​အ​သိုင်း​အ​ဝိုင်း​တွင်​မူ​ ​အီ​လင်း​သည်​ ​သူ​မ​၏​ ​လက်​တွဲ​ဖော်​သစ်​နှင့်​ ​အိမ်​ထောင်​တစ်​ခု​ ​ထူ​ထောင်​ရန်​ ​စဥ်း​စား​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လျက်​ရှိ​သည်​။​

သူ​မ​၏​ ​မိတ်​ဆွေ​တစ်ဦး​က​ ​အီ​လင်း​သည်​ မိ​သား​စု​ဘ​ဝ​ကို​ ​မြတ်​နိုး​သူ​ဖြစ်​ပြီး​ ​နောက်​ထပ်​မိ​သား​စု​တစ်​ခု​ကို​ ​ထူ​ထောင်​ရန်​ ​အ​စဥ်​စိတ်​ကူး​ယဥ်​နေ​ကြောင်း​ National​ Enquire​ သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​

က​မ္ဘာ​ကျော်​ ​ဘီ​လျံ​နာ​ ​ဂေါက်​သီး​ချန်​ပီ​ယံ​ ​ဝုဒ်​သည်​ ​အ​မျိုး​သ​မီး​ ​များ​စွာ​နှင့်​ ​ဇာတ်​လမ်း​ရှုပ်​ခဲ့​ကြောင်း​ ​လူ​သိ​ရှင်​ကြား​ ​ဖြစ်​လာ​ပြီး​နောက်​ ​အီ​လင်း​မှာ​ ၎င်း​အား​ ​ကွာ​ရှင်း​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြ​စ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here