​တောင်အာဖရိက နိုင်ငံသား ၃ ဦးလျင် ၁ ဦးမှာ မုဒိမ်းကျင့်ခဲ့ဖူး

alt

တောင်​အာ​ဖ​ရိ​က​နိုင်ငံ​သား​​ ​၃​ ဦး​လျင်​ ​၁​ ဦး​က​​ ​မု​ဒိမ်း​ကျင့်​ဖူး​ကြောင်း​​ ​ဝန်​ခံ​ခဲ့​သည်​ဟု​ ​စစ်​တမ်း​တစ်​ခု​က​ ​ဖော်​ပြ​လိုက်​သည်​။​ ​ယ​ခု​နှစ်​အ​တွင်း​ ​ပြု​လုပ်​ခဲ့​သည့်​ ​စစ်​တမ်း​က​ ​က​မ္ဘာ​ပေါ်​တွင်​ ​မု​ဒိမ်း​မှု​ ​အ​ထူ​ပြော​ဆုံး​ ​နိုင်ငံ​တစ်​ခု​ဖြစ်​သော​ ​တောင်​အာ​ဖ​ရိ​က​၏​ ​လူ​မှု​ရေး​ ​အ​ခြေ​အ​နေ​ကို​ ​ညွှန်​ပြ​နေ​သည်​။​

​အ​စိုး​ရ​က​ ​ငွေ​ကြေး​ထောက်​ပံ့​သော​ ​ဆေး​ဖက်​ဆိုင်​ရာ​ ​သု​တေ​သ​န​ ​ဌာ​န​တစ်​ခု​က​ ​ဂျို​ဟန်​နက်​စ​ဘက်​ကဲ့​သို့​ ​မြို့​ကြီး​များ​တွင်​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​စစ်​တမ်း​ကောက်​ခံ​ခဲ့​ရာ​ ​အ​မျိုး​သား​ ​၃၇​ ​ရာ​ခိုင်​နှုန်း​က​ ၎င်း​တို့​သည်​ ​အ​န​ည်း​ဆုံး​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​ကို​ ​မု​ဒိမ်း​ကျင့်​ခဲ့​ဖူး​ကြောင်း​ ​ဝန်​ခံ​သွား​သည်​။​ ​အ​မျိုး​သား​ ​၄၈၇​ ဦး​က​ ​ပြန်​ကြား​ဖြေ​ဆို​ခဲ့​ရာ​ ​၇​ ​ရာ​ခိုင်​နှုန်း​က​ ​အ​ဖွဲ့လိုက်​ ​ဝိုင်း​ဝန်း​မု​ဒိမ်း​ကျင့်​မှု​တွင်​ ​ပါ​ဝင်​ဖူး​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​အ​မျိုး​သ​မီး​ ​၅၁၁​ ဦး​ကို​ ​မေး​မြန်း​ခဲ့​ရာ​ ​၅၁​ ​ရာ​ခိုင်​နှုန်း​က​ ၎င်း​တို့​သည်​ ​အ​မျိုး​သား​များ​၏​ ​အ​ကြမ်း​ဖက်​ ​စော်​ကား​မှု​ကို​ ​ခံ​ခဲ့​ရ​ကြောင်း​ ​ဖြေ​ဆို​ခဲ့​သ​လို​ ​အ​မျိုး​သား​ ​၇၈​ ​ရာ​ခိုင်​နှုန်း​က​လည်း​ ​အ​မျိုး​သ​မီး​များ​ကို​ ​အ​ကြမ်း​ပ​တမ်း​ ​ဆက်​ဆံ​ခဲ့​ဖူး​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​တောင်​အာ​ဖ​ရိ​က​တွင်​ ​မု​ဒိမ်း​မှု​ ​ထူ​ပြော​နေ​ခြင်း​သည်​ ​လူ​တန်း​စား​ ​အ​စဥ်​အ​လာ​ ​ဓ​လေ့​ထုံး​စံ​နှင့်​လည်း​ ​ဆက်​နွယ်​နေ​သည်​ဟု​ ​မှတ်​ယူ​နိုင်​ကြောင်း​ ​လေ့​လာ​သူ​များ​က​ဆို​သည်​။​ ​

လေ့​လာ​မှု​များ​အ​ရ​ ​က​လေး​ဘ​ဝ​တွင်​ ​မ​နှစ်​မြို့​စ​ရာ​၊​ ​စိတ်​ပျက်​စ​ရာ​ ​အ​တွေ့​အ​ကြံု​များ​၊​ ​ဖိ​စီး​မှု​များ​ ​ခံ​စား​ခဲ့​ရ​သူ​ ​အ​မျိုး​သား​များ​သည်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​မု​ဒိမ်း​ကောင်​ဖြစ်​ရန်​ ​ရာ​ခိုင်​နှုန်း​ ​ပို​များ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here