ခ​ရစ်​ယန်​​ဘာ​သာ​၏​​ ​မြင့်​မြတ်​သော​ Holy​ Thorn​ Tree​​ ​ရိတ်​ပယ်​​ဖျက်​ဆီး​​ခံ​ရ

alt

ခရစ်ယာန် ဘာသာရေး၏ နှလုံးသည်းပွတ် အထိမ်းအမှတ် တစ်ခုအဖြစ် တင်စားခံရနိုင်သည့် ဂလက်စတွန်ဘယ်ရီမှ မြင့်မြတ်သော ဆူးနွယ်ပင်ကြီး (Holy Thorn Tree) မှာ မသမာသူများ၏ ရိတ်ပယ်ဖျက်ဆီးမှုကို ခံခဲ့ရကြောင်း သိရသည်။

အင်္ဂလိပ်တောင်ကုန်းတွင် နှစ်ပေါင်း ၂၀၀၀ မျှကြာအောင် ဂုဏ်ယူစရာအဖြစ် တည်ရှိနေသော ဘာသာရေး အထိမ်းအမှတ် သစ်ပင်သည် တစ်ညတည်းနှင့် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ဘုရားဖူးများ အလေးထား လာရောက်လည်ပတ်ရာ နေရာတွင် တည်ရှိသော သစ်ပင်သည် ဂျီးဆက်၏ ဘကြီးတော်သူ ဂျိုးဆက်က ထိုနေရာသို့ ဆောင်ယူစိုက်ပျိုးခဲ့ခြင်းဟုဆိုသည်။

ဒဏ္ဍာရီလာ ဆိုစကားများအရ သူတော်စင်ကြီး ဂျိုးဆက်သည် ခရစ်တော် ကားစင်တင်ခံရပြီးနောက် ထိုနေရာသို့ ရောက်လာခဲ့ကြောင်း သိရသည်။ အာသေးရီးယန်း ရှေးရိုးရာ ပုံပြင်များက ဂျီးဆက်ပိုင်ဆိုင်ခဲ့သော တောင်ဝှေးကို ဝယ်ရီအော တောင်ပေါ်သို့ ဆောင်ယူခဲ့ပြီး သူတော်စင်ကြီး ဂျိုးဆက်မှာ အိပ်မောကျသွားကြောင်း၊ ၎င်းပြန်နိုးလာချိန်တွင် တောင်ဝှေးမှာ အဆိုပါ ဆူးနွယ်ပင်ကြီးအဖြစ် ပေါက်ရောက်ရှင်သန်နေကြောင်း အစဥ်အဆက် လက်ကမ်းပြောဆိုလာခဲ့သည်။ သို့သော်လည်း ယခုအခါ သမိုင်းကြောင်း ကြီးကျယ်လှသည့် သစ်ပင်ကြီးသည် ဒီဇင်ဘာ ၈ ရက်နေ့က မသမာသူများ လက်ချက်ကြောင့် ပျက်စီးလျက်ရှိသည်။ အဆိုပါ အပင်မှာ မူလသစ်ပင်မှ မျိုးယူကာ စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။

ဂလက်စတွန်ဘယ်ရီမှ ဒေသခံများသည် သစ်ပင်အား ဖျက်ဆီးခံထားရခြင်းကို တွေ့ရှိချိန်တွင် အလွန်ထိတ်လန့် ကြေကွဲခဲ့ရသည်။ ဂလက်စတွန်ဘယ်ရီ မြို့တော်ဝန် ဂျွန်ကိုးက ပြီးခဲ့သည့် သီတင်းပါတ်ကမှ နှစ်စဥ်ပြုလုပ်နေကြအတိုင်း စနစ်တကျ သပ်သပ်ရပ်ရပ် ကိုက်ဖြတ်ခဲ့သေးကြောင်း ပြောကြားသွားသည်။ အဆိုပါ အပင်သည် သိပ္ပံအမည် Crategus Monogyna Bi Flora ဟု ခေါ်တွင်ပြီး အရှေ့အလယ်ပိုင်း ဒေသမှ မျိုးရင်းဖြစ်ကြောင်း သိရှိရသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here