​​​အင်ဒိုနီးရှားမှ အနုပညာ​သမား​တစ်ဦး မီးတောင်ပြာ​များကို ကမ္ဘာ​လှည့်များ​အား အမှတ်တရ​ရောင်းချ

alt

အင်​ဒို​နီး​ရှား​ နိုင်ငံ​မှ​ ​စိတ်​ကူး​ကောင်း​သူ​ အ​နု​ပ​ညာ​သ​မား​ ​တစ်ဦး​သည်​ က​မ္ဘာ​လှည့်​ ​ခ​ရီး​သွား​များ​အား​ အ​မှတ်​တ​ရ​ ​လက်​ဆောင်​အ​ဖြစ်​ ​မီး​တောင်​ပြာ​များ​ ​ရောင်း​ချ​လျက်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​

Jakarta​ Globe​ ​သ​တင်း​စာ​က​ ​အေး​ဂက်​ဘူ​ဒီ​ ​ဆာ​တီ​ယာ​ဝမ်​သည်​ ​သေးငယ်​ပြီး​ ​သန့်​ရှင်း​သော​ ​ပု​လင်းငယ်​လေး​များ​တွင်​ ​မီး​တောင်​ပြာ​များ​ ​ထည့်​ထား​ပြီး​ ​တစ်​ပု​လင်းလျင်​ ​အ​မေ​ရိ​ကန်​ ​၁​ ​ဒေါ်​လာ​နှင့်​ ​ရောင်း​နေ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ယင်း​ပု​လင်း​လေး​များ​ပေါ်​တွင်​ ​အင်​ဒို​နီး​ရှား​၏​ ​အ​ထင်​က​ရ​ ​မီး​တောင်​တစ်​ခု​ဖြစ်​သော​ ​မီ​ရာ​ပီ​၏​ပုံ​ကို​ ​ရေး​ခြယ်​ထား​သည်​။​

​ပြီး​ခဲ့​သည့်​ ​အောက်​တို​ဘာ​လ​က​ ​မီ​ရာ​ပီ​သည်​ ​အ​ကြီး​အ​ကျယ်​ ​ပေါက်​ကွဲ​မှု​များ​ ​ဖြစ်​ခဲ့​ရာ​ ​လူ​ပေါင်း​ ​၃၈၆​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ပြီး​ ​လူ​ ​၁၇၀၀၀​ ​ကျော်​ ​ဘေး​လွတ်​ရာ​ ​ရွှေ့​ပြောင်း​ခဲ့​ရ​သည်​။​ ​ဂျာ​ဗား​ကျွန်း​ပေါ်​ရှိ​ ​မီး​တောင်​နှင့်​ ​အ​နီး​ဆုံး​တွင်​ ​တည်​ရှိ​သော​ ​ယို​ဂျာ​ကာ​တား​မြို့​တွင်​ ​နေ​ထိုင်​ပြီး​ ​ထို​မြို့ှ​ရှိ​ ​အ​နု​ပ​ညာ​ကျောင်း​တွင်​ ​အ​လုပ်​လုပ်​နေ​သည့်​ ​ဆာ​တီ​ယာ​ဝမ်​သည်​ ​ယင်း​မီ​တောင်​ပြာ​ ​ပု​လင်း​လေး​များ​ ​ရောင်း​ချ​ရာ​မှ​ ​ဒေါ်​လာ​ ​၂၀၀၀​ ​ကျော်​ထိ​ ​စု​ဆောင်း​ရ​ရှိ​ခဲ့​ကြောင်​ ​ပြော​ကြား​ခဲ့​သည်​။​ ​

၁၀​ ​ရက်​အ​တွင်း​ ​ထို​ပ​မာ​ဏ​မျှ​ ​ငွေ​ကြေး​ရ​ရှိ​ခဲ့​သ​လို​ ​နောက်​ထပ်​ရ​လာ​သ​မျှ​ကို​ပါ​ ​စု​ပေါင်း​ပြီး​ ​မီး​တောင်​ပေါက်​ကွဲ​မှု​အ​တွင်း​ ​ဘေး​သင့်​ခဲ့​သူ​များ​ကို​ ​လှူ​ဒါန်း​သွား​မည်​ဟု​လည်း​ ​ဆာ​တီ​ယာ​ဝမ်​က​ Jakarta​ Globe ​သို့​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here