လန်ဒန်မြို့တွင် ဆန်တာကလော့စ်များနှင့် စည်ကားခဲ့

alt

ခ​ရ​စ္စ​မတ်​​ ​ဘိုး​ဘိုး​ကြီး​ဟု​ ​အ​များ​က​​ ​ခေါ်​ဝေါ်​ကြသည့်​ ​ဆန်​တာ​က​လော့စ်​များ​​ ​လန်​ဒန်​မြို့​သို့​ ​အ​လုံး​အ​ရင်း​​ ​ဝင်ရောက်​လာ​ကြ​သည်​။​​ ​အ​နီ​ရောင်​ ​ဝတ်​စုံ​များ​​ ​ဆင်​မြန်း​ထား​သည့်​ ​ဆန်​တာ​က​လော့စ်​​ ​ရာ​ပေါင်း​များ​စွာ​သည်​​ ​ဗြိ​တိန်​နိုင်ငံ​၏​ ​မြို့​တော်​တွင်​ ​လာ​ရောက်​စု​ရုံး​ကာ​

​က​မ္ဘာ​လှည့်​ ​ခ​ရီး​သွား​များ​အား​ ​ဆု​မွန်​ကောင်း​ ​တောင်း​ပေး​ခဲ့​ကြ​သည်​။​ ​

လီ​ဗာ​ပူး​မြို့​သို့​ ​ထွက်​ခွာ​မည့်​ ​ဘူ​တာ​တွင်​ ​ဒီ​ဇင်​ဘာ​ ​၁၁​ ရက်​နေ့​က​ ​ဆန်​တာ​က​လော့စ်​များ​ ​စု​ရုံး​ခဲ့​သ​လို​ ​ထ​ရာ​ဖယ်​ဂါ​ရင်​ပြင်​နှင့်​ ​အ​ခြား​သော​ ​လူ​ထူ​ထပ်​ရာ​ ​နေ​ရာ​များ​တွင်​ပါ​ ​ဆန်​တာ​က​လော့စ်​များ​ ​ရောက်​လာ​ကြ​သည်​။​ ​ယင်း​တို့​နှင့်​ ​ပျော်​ရွှင်​စွာ​ ​ယှဥ်​တွဲ​ဓာတ်​ပုံ​အ​ရိုက်​ခံ​ထား​သော​ ​လူ​ပေါင်း​များ​စွာ​တို့​သည်​ ​အ​ဆို​ပါ​ ​ဓာတ်​ပုံ​များ​ကို​ Twitter​ တွင်​ ​လွှင့်​တင်​ခဲ့​ကြ​သည်​။​ ​

ခ​ရ​စ္စ​မတ်​ကာ​လ​ ​နီး​ကပ်​လာ​သည်​နှင့်​အ​မျှ​ ​က​မ္ဘာ​အ​နှံ့​တွင်​ ​ဆန်​တာ​က​လော့စ်​ဝတ်​စုံ​ကို​ ​ဆင်​မြန်း​ကာ​ ​က​လေးငယ်​များ​နှင့်​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​များ​ကို​ ​လက်​ဆောင်​ပေး​သူ​များ​၊​ ​ဆု​မွန်​ကောင်း​ ​တောင်း​ပေး​သူ​များ​ ​အ​များ​အ​ပြား​ ​ရှိ​လာ​သည်​။​

​ယ​ခု​နှစ်​တွင်​လည်း​ Santacon​ အ​ဖွဲ့​က​ ​လူ​အ​များ​ကို​ ​နှိုး​ဆော်​ပြီး​ ​ဆန်​တာ​က​လော့စ်​ ​ဝတ်​စုံ​များ​ ​စု​ရုံး​ဝတ်​ဆင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ထို​ကဲ့​သို့​သော​ ​ပွဲ​မျိုး​ကို​ ​န​ယူး​ယောက်​နှင့်​ ​ဘေ​ဂျင်း​မြို့​ကြီး​များ​တွင်​လည်း​ ​ကျင်း​ပ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here