ရာ​ဇဝတ်​မှု​ မ​ကင်း​သည့်​​ ​ခရ​စ္စ​မတ်​​သစ်​ပင်​​ ​ဂျာ​မ​နီ​​ရဲ​တပ်​ဖွဲ့​ ​ဖမ်း​ဆီး​​ရ​မိ

alt

ဂျာမနီနိုင်ငံမှ ရဲတပ်ဖွဲ့သည် စိတ်ကူး​ဆန်းဆန်းဖြင့် တီထွင်​ဖန်တီး​ထားသည့် ရာဇဝတ်မှု မကင်းသော ခရစ္စမတ် သစ်ပင်​တစ်ပင်အား ဖမ်းဆီး​​ရမိခဲ့ကြောင်း သိရသည်။

ရိုင်းလန်း​-​ပါလက်တီနိတ် ဒေသရှိ လူ​တစ်ဦးသည် ရ ပေမြင့်သော ခရစ္စမတ် သစ်ပင်ကို ဆေးခြောက်​များဖြင့် ဖန်တီး​ထားခဲ့သည်။ ထောက်လှမ်းရေး အရာရှိများက လူတစ်ဦး​၏ လက်​အတွင်း ဆေးခြောက် ၅.၅ အောင်စကို ရှာဖွေ​တွေ့ရှိပြီးနောက် ၎င်း၏​​အိမ်သွား သွားရောက်​စစ်ဆေးရာမှ ဆေးခြောက်​​အများအပြား သိုမှီးထားသော သစ်ပင်ကို တွေ့ရှိခဲ့ခြင်း​​ဖြစ်သည်။ ယင်း​သစ်ပင်ကို အစဥ်အလာ အလှဆင်နေမြဲ ခရစ္စမတ် သစ်ပင်​တစ်ခုနှယ် ပြုလုပ်​​ထားကြောင်း ရဲတပ်ဖွဲ့​က​ဆိုသည်။

အဆိုပါ အမျိုးသားက သစ်ပင်ကို အလှဆင်ရန်သာ ရည်ရွယ်ထားကြောင်း ရဲများထံ စစ်ဆေးခံခဲ့သည်။ ရဲတပ်ဖွဲ့သည် ခရစ္စမတ် သစ်ပင်ကို သိမ်းယူပြီး ယင်းအမျိုးသားကိုလည်း ထိန်းသိမ်းထားသည်။ သို့သော်လည်း မည်သည့်စွဲချက်ဖြင့် တရားစွဲရမည်ကို မဆုံးဖြတ်ရသေးဟုလည်း သိရှိရသည်။​

LEAVE A REPLY

Please enter your comment!
Please enter your name here