ဘီလျံနာများ​အတွက် ခရစ္စမတ်​လက်ဆောင် အညွှန်း​မဂ္ဂဇင်း​ထုတ်​ဝေ

alt

က​မ္ဘာ​ပေါ်​ရှိ​​ ​ဘီ​လျံ​နာ​ ​သူ​ဌေး​ကြီး​များ​စွာ​တို့​အ​တွက်​​ ​ရည်​စူး​ပြီး​ ​ခ​ရ​စ္စ​မတ်​လက်​ဆောင်​အ​ညွှန်း​​ ​မ​ဂ္ဂ​ဇင်း​တစ်​စောင်​​ ​ထုတ်​ဝေ​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​ ​ယင်း​မ​ဂ္ဂ​ဇင်း​အ​တွင်း​​ ​ပေါင်​စ​တာ​လင်​ ​သန်း​နှင့်​ချီ​​ ​တန်​ကြေး​ရှိ​သည့်​

​ရွက်​လှေ​များ​၊​ ​ရှေး​ဟောင်း​ပ​စ္စည်း​များ​၊​ ​နာ​မည်​ကြီး​ ​ကု​မ္ပ​ဏီ​ထုတ်​ ​စူ​ပါ​ပြိုင်​ကား​များ​အ​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။​ ဇိမ်​ခံ​ပ​စ္စည်း​များ​အ​ကြောင်း​ ​လမ်း​ညွှန်​မ​ဂ္ဂ​ဇင်း​ Robb ​က​ ​ဒီ​ဇင်​ဘာ​လ​ထုတ်​အ​တွင်း​ ​က​မ္ဘာ​ပေါ်​တွင်​ တန်​ဖိုး​အ​ရှိ​ဆုံး​နှင့်​ ​မျက်​စိ​ကျ​စ​ရာ​ ​အ​ကောင်း​ဆုံး​ဟု​ ​ဆို​နိုင်​မည့်​ ​ပ​စ္စည်း​ပေါင်း​ ​၂၁​ ​ခု​ကို​ ​စုံ​လင်​စွာ​ ​ဖော်​ပြ​ထား​သည်​။​ ​

ကု​ဋေ​ကြွယ်​ ​ဘီ​လျံ​နာ​များ​အ​နေ​နှင့်​ ​ယင်း​ပ​စ္စည်း​များ​အ​နက်​ ​စိတ်​တိုင်း​ကျ​ ​ရွေး​ချယ်​ပြီး​ ​ချစ်​ခင်​သူ​များ​ကို​ ​ခ​ရ​စ္စ​မတ်​ ​လက်​ဆောင်​အ​ဖြစ်​ ​ပေး​အပ်​နိုင်​မည်​ဖြစ်​သည်​။​ ​မ​ဂ္ဂ​ဇင်း​က​ ​ထောက်​ခံ​ပေး​ထားသည့်​ ​ပ​စ္စည်း​များ​အ​နက်​ ​ပေါင်​စ​တာ​လင်​ ​၂၈​ ​သန်း​တန်​သည့်​ ​၁၆၄​ပေ​ ​ရှည်​လျား​သော​ ​ဇိမ်​ခံ​ရွက်​လှေ​က​ ​တန်​ဖိုး​အ​ကြီး​ဆုံး​အ​ဖြစ်​ ​ပါ​ဝင်နေ​သည်​။​ ​ဒု​တိ​ယ​ ​နေ​ရာ​တွင်​မူ​ ​ရို​လာ​ကို​စ​တာ​များ​၊​ ​အ​ခြား​သော​ ​ထူး​ခြား​လှ​ပ​သည့်​ ​က​စား​စ​ရာ​များ​ ​ထည့်​သွင်း​တည်​ဆောက်​ထား​သည့်​ ​ပေါင်​စ​တာ​လင်​ ​၁၂.​၈​ ​သန်း​တန်​ ​အ​ပမ်း​ဖြေဥ​ယျာဥ်​က​ ​ရပ်​တည်​နေ​သည်​။​ ​က​မ္ဘာ့​အ​မြန်​ဆုံး​ ​စူ​ပါ​ကား​အ​ဖြစ်​ ​သတ်​မှတ်​ခံ​ထား​ရ​သည့်​ Bugatti​ Veyron ​အ​မျိုး​အ​စား​ ​မော်​တော်​ကား​ ​အ​ပါ​အဝင်​ ​မ​ဂ္ဂ​ဇင်း​က​ ​ထောက်​ခံ​ဖော်​ပြ​ထား​သည့်​ ​ပ​စ္စည်း​အား​လုံး​၏​ ​စု​စု​ပေါင်း​ ​တန်​ဖိုး​သည်​ ​ပေါင်​စ​တာ​လင်​ ​၆၅​ ​သန်း​ဖိုး​ ​ရှိ​နေ​သည်​။​ ထို့​အ​ပြင်​ ​ရှား​ပါး​လှ​သည့်​ ​ဝီ​စ​ကီ​ပု​လင်း​များ​၊​ ​ပေါင်​စ​တာ​လင်​ ​၅​ ​သိန်း​တန်​ ​လက်​ပတ်​နာ​ရီ​များ​နှင့်​ ​သက်​တမ်း​ ​နှစ်​ ​၂၀၀၀​ ​ကျော်​ပြီ​ဖြစ်​သည့်​ ​အီ​ဂျစ်​မာ​မီ​ရုပ်​ ​တစ်​ခု​ပ​င်​ ​ပါ​ရှိ​သည်​။​ ​

မ​ဂ္ဂ​ဇင်း​ ​အယ်​ဒီ​တာ​ချုပ်​ ​ဘ​ရုစ်​ဝီ​လျံ​က​ ​ယ​ခု​ပ​စ္စည်း​များ​သည်​ ​အ​လွန်​ချမ်း​သာ​ ​ကြွယ်​ဝ​သူ​များ​အ​တွက်​ ​ခ​ရ​စ္စ​မတ်​ ​လက်​ဆောင်​ပေး​ရန်​ ​စိတ်​ကူး​ဆန်း​ဆန်း​ဖြင့်​ ​​ရွေး​ချယ်​ထား​ခြင်း​ဖြစ်​ကြောင်း​၊​ ​ယင်း​လက်​ဆောင်​များ​အ​နက်​ ​တစ်​ခု​ခု​ကို​ ​ပိုင်​ဆိုင်​ခွင့်​ ​ရ​သူ​အ​နေ​နှင့်​ ​အ​လွန်​ဝမ်း​သာ​ပျော်​ရွှင်​မည်​မှာ​ ​ယုံ​မှား​ရန်​ ​မ​လို​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here