နှုတ်ဆက်အနမ်းပေးရင် ခင်ပွန်းသည်၏ လျှာကို ကိုက်ဖြတ်မှုဖြင့် အမေရိကန်အမျိုးသမီး အဖမ်းခံရ

alt

အ​မေ​ရိ​ကန်​မှ​​ ​အ​မျိုး​သ​မီး​တစ်ဦး​သည်​​ ​ည​အိပ်​ရာဝင် ​နှုတ်​ဆက်​အ​နမ်း​ပေး​နေ​ရင်း​​ ​ခင်​ပွန်း​သည်​၏​ ​လျှာ​ကို​​ ​ကိုက်​ဖြတ်​မှု​ဖြင့်​​ ​အ​ဖမ်း​ခံ​လိုက်​ရ​ကြောင်း​​ ​သိ​ရ​သည်​။​

​ဝစ်​စ​ကွန်​ဆင်​ရှိ​​ ​ဝေါ်​ဝက်​တို​ဆာ​တွင်​​ ​နေ​ထိုင်​သည့်​ ​အ​သက်​ ​၅၇​ ​နှစ်​အ​ရွယ်​ ​ကာ​ရန်​လူ​ဒါ​၏​ ​ကိုက်​ခဲ​မှု​ကြောင့်​ ​ခင်​ပွန်း​သည်​ ​ဝီး​လက်​လူ​ဒါ​၏​ ​လျှာ​မှာ​ ​ထက်​ဝက်​နီး​ပါး​ ​ပြတ်​သွား​သည်​။​

​ဒီ​ဇင်​ဘာ​ ​၈​ ​ရက်​နေ့​က​ ​ဖြစ်​စဥ်​အ​တွက်​ ​အာ​ဏာ​ပိုင်​များ​က​ ​ကာ​ရန်​အား​ ​တ​ရား​စွဲ​ဆို​ထား​လိုက်​သည်​။​ ​ထို​ကဲ့​သို့​ ​အ​မှု​အ​ခင်း​မျိုး​ ​ဖြစ်​ခဲ​သော်​လည်း​ ​သူ​မ​အ​နေ​နှင့်​ ​ထောင်​ဒဏ်​ ​၂၅​ ​နှစ်​ထိ​ ​အ​များ​ဆုံး​ ​ကျ​ခံ​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​အ​သက်​ ​၇၉​ ​နှစ်​ရှိ​ ​ဝီး​လက်​သည်​ သူ​နာ​ပြု​များ​ကို​ ​ဖုန်း​ဆက်​ခေါ်​လိုက်​ပြီး​ ​ယင်း​တို့​ရောက်​လာ​ချိန်​တွင်​ ၎င်း​၏​ ​ဇ​နီး​မှာ​ ​အ​လွန်​စိတ်​ထက်​သန်​ပြီး​ ​လျှာ​ကို​ ​ကိုက်​လိုက်​မိ​ခြင်း​ဖြစ်​ကြောင်း​ ​စာ​ရေး​ကာ​ အ​သိ​ပေး​ခဲ့​ရ​သည်​။​ ​ကာ​ရန်​မှာ​ ​သူ​တစ်​ပါး​အား​ ထိ​ခိုက်​နာ​ကျင်​စေ​မှု​၊​ ​ကိုယ်​အ​င်္ဂါ​ ​အ​စိတ်​အ​ပိုင်း​ ​ဖျက်​ဆီး​မှု​များ​နှင့်​ စွဲ​ချက်​တင်​ခံ​ထား​ရ​သည်​။​ ​

ဖ​ရွန်း​ဒန့်​ ​အောက်​မေ့​ဖွယ်​ ​ဆေး​ရုံ​မှ​ ​ဆ​ရာ​ဝန်​များ​က​ ​ပြတ်​သွား​သော​လျှာ​ကို​ ​ပြန်​ချုပ်​ရန်​ ​ကြိုး​ပမ်း​လျက်​ရှိ​သည်​။​ လူ​နာ​၏​ ​အ​ခြေ​အ​နေ​မှာ​ ​စိတ်​ချ​ရ​သည့်​ ​ကျေ​နပ်​ဖွယ်​ ​အ​နေ​အ​ထား​ဟု​ ​ဆ​ရာ​ဝန်​များ​က​ဆို​သည်​။​ ​ခင်​ပွန်း​ဖြစ်​သူ​ ​ဝီး​လက်​က​ ဇ​နီး​မှာ​ ၎င်း​နှင့်​ ​နမ်း​ရှုပ်​စဥ်​ ​အ​လွန်​စိတ်​အား​ထက်​သန်​ရာ​မှ​ ​ယ​ခု​လို​ လျှာ​ကို​ ​ကိုက်​ဖြတ်​မိ​ခြင်း​ဟု​ ​ကာ​ကွယ်​ပြော​ဆို​ထား​သည်​။​ ​တ​ရား​ရုံး​က​မူ​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​ပြီး​ ​စွဲ​ချက်​စ​တင်​ရန်​ ​၁၅​ ​ရက်​ ​အ​ချိန်​ပေး​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here