အန္တာတိက​ဒေသတွင် နစ်မြုပ်​ခဲ့သည့် သင်္ဘောမှ သင်္ဘောသား​များ​အား ရှာဖွေမှု​ရပ်ဆိုင်း

alt

အ​န္တာ​တိ​က​ ဒေ​သ​တွင်​ ​သ​င်္ဘော​နစ်​မြုပ်​မှု​ကြောင့်​ ​ပျောက်​ဆုံး​နေ​သော​ ​သ​င်္ဘော​သား​များ​အား​ ​လိုက်​လံ​ရှာ​ဖွေ​နေ​မှု​ ​လုပ်ငန်း​အား​လုံး​ ​ရပ်​ဆိုင်း​လိုက်​ပြီ​ဟု​ ​သိ​ရ​သည်​။​

​န​ယူး​ဇီလန်​ ​သ​င်္ဘော​တစ်​စင်း​သည်​ ​တောင်​ကို​ရီး​ယား​ ငါး​ဖမ်း​သ​င်္ဘော​တစ်​စင်း​ ​နစ်​မြုပ်​ရာ​မှ​ ​ပျောက်​ဆုံး​နေ​သူ​ ​သ​င်္ဘော​သား​ ​၁၇​ ဦး​အား​ ​ပိုက်​စိပ်​တိုက်​ ​ရှာ​ဖွေ​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​မျှော်​လင့်​ချက်​ ​မ​ရှိ​တော့​ဟု​ ​အ​တည်​ပြု​ကာ​ ​ရှာ​ဖွေ​ရေး​ ​လုပ်ငန်း​များ​ ​ရပ်​ဆိုင်း​လိုက်​ခြင်း​ဖြစ်သည်​။​

​န​ယူး​ဇီ​လန်​ ​သ​င်္ဘော​မှ​ ​အ​မှု​ထမ်း​များ​သည်​ No​ 1​ Sung​ သ​င်္ဘော​တွင်​ ​လိုက်​ပါ​လာ​သူ​ ​၄၂​ ဦး​အ​နက်​ ​၂၀​ ​ကို​ ​ကယ်​တင်​နိုင်​ခဲ့​သည်​။​ ​န​ယူး​ဇီ​လန်​တောင်​ဖက်​ ​ကီ​လို​မီ​တာ​ ​၂၀၀၀​ ​ကျော်​အ​ကွာ​တွင်​ ​နစ်​မြုပ်​ခဲ့​သည့်​ ​သ​င်္ဘော​မှ​ ​၅​ ဦး​သေ​ဆုံး​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ပျောက်​ဆုံး​နေ​သူ​ ၁၇​ ဦး​အ​တွက်​ ​မျှော်​လင့်​နိုင်​သည့်​ ​အ​နေ​အ​ထား​တွင်​ ​မ​ရှိ​တော့​ဟု​ ​ရှာ​ဖွေ​ရေး​လုပ်ငန်း​များ​ ဦး​စီး​ဆောင်​ရွက်​နေ​သည့်​ ​ဒေ့​ဝီ​ဆင်​က​ဆို​သည်​။​ ​

တောင်​ကို​ရီး​ယား​၊​ ​တ​ရုတ်​၊​ ​အင်​ဒို​နီး​ရှား​၊​ ​ဖိ​လစ်​ပိုင်​နှင့်​ ​ရု​ရှား​သ​င်္ဘော​သား​များ​ ​လိုက်​ပါ​လာ​သည့်​ No​ 1​ Sung​ ​နစ်​မြုပ်​ရာ​ ​နေ​ရာ​သည်​ ​ရေ​ခဲ​သည်​အ​ထိ​ ​အ​အေး​ဓာတ်​ ​လွန်​ကဲ​နေ​ပြီး​ ​ထို​ကဲ့​သို့​ ​နိမ့်​ပါး​လှ​သ​ည့်​ ​အ​ပူ​ချိန်​တွင်​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ပျောက်​ဆုံး​နေ​သူ​များ​သည်​ ​အ​သက်​ရှင်​ရန်​ ​မ​ဖြစ်​နိုင်​တော့​ဟု​ ​ဝီ​ဆင်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ရှာ​ဖွေ​ရေး​ကို​ ​ကြိုး​ကြိုး​ပမ်း​ပမ်း​ ​ဆောင်​ရွက်​ခဲ့​သော်​လည်း​ ​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ရှိ​ ​ရာ​သီဥ​တု​က​ ​အ​ကြီး​အ​ကျယ်​ ​အ​ဟန့်​အ​တား​ ​ဖြစ်​စေ​ခဲ့​သ​ဖြင့်​ ​လက်​လျှော့​လိုက်​ရ​ကြောင်း​လည်း​ ​ဝီ​ဆင်​က​ ​ဝန်​ခံ​ခဲ့​သည်​။​ ​

တောင်​ကို​ရီး​ယား​ပိုင်​ ငါး​ဖမ်း​သ​င်္ဘော​သည်​ ​မိ​နစ်​ ​၃၀​ ​မ​ပြည့်​မီ​ ​အ​ချိန်​အ​တွင်း​ ​အ​လွန်​လျင်​မြန်​စွာ​ ​နစ်​မြုပ်​ခဲ့​ရာ​ ​သ​င်္ဘော​သား​များ​သည်​ ​လို​အပ်​သော​ ​အ​သက်​ကယ်​ ​ဝတ်​စုံ​များ​ ​အ​ပြည့်​မ​ဝတ်​နိုင်​ဘဲ​ ​သ​င်္ဘော​ကို​ ​အ​ရေး​ပေါ်​ ​စွန့်​ခွာ​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​သ​င်္ဘော​အား​ ​ပိုင်​ဆိုင်​သည့်​ Sung​ ကော်​ပို​ရေး​ရှင်း​က​ ​နစ်​မြုပ်​ရ​ခြင်း​ ​အ​ကြောင်း​ရင်း​ကို​ ​စုံ​စမ်း​သွား​မည်​ဟု​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​က​န​ဦး​ ​စုံ​စမ်း​မှု​များ​​အ​ရ​ ​ပြင်း​ထန်​သော​ ​လှိုင်း​ရိုက်​ချက်​များ​ကြောင့်​ ​သ​င်္ဘော​သည်​ ​ရေ​ခဲ​ပြင်​နှင့်​ ​ရို​က်​မိ​ပြီး​ ​ဝမ်း​ဗိုက်​ကွဲ​သွား​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here